address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 20, 2015

၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ စစ်ရေးပြပွဲ ကျင်းပမည်




20.1.2015

ယခုလ ၃၁ ရက်နေ့တွင်ကျရောက်မည့် (၆၆) နှစ်မြောက်ကရင့်တော်လှန်ရေး နေ့ စစ်ရေးပြပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက တပ်မဟာ ၇ ဌာနချုပ်တည်ရှိရာ ကလို့ယော့လေး စခန်း စစ်ရေးပြကွင်းတွင် ကျင်းပမည်ဖြစ် သည်။

(KNU) က ထုတ်ဝေသည့် ကရင့်တော်လှန်ရေးနေ့သမိုင်းတွင် အမျိုးသားတန်း တူရေးနှင့်ကိုယ်ပိုင်ပြဌာန်ခွင့်ရရှိရေးတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် နေ့တွင် ကရင်လက်နက်ကိုင်တောင်လှန်ရေးစတင်ခဲ့သည့်နေ့ကို ကရင့်တော် လှန် ရေးနေ့အဖြစ် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

(KNU) ဗဟိုနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ တို့ ပူးတွဲကျင်းပသည့် (၆၆) နှစ်မြောက် ကရင့်တော်လှန်ရေး နေ့စစ်ရေးပြ အခမ်းအနားသို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချို့ မှ တပ်ဖွဲ့ဝင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

အလားတူ ကရင့်တော်လှန်ရေးနေ့ အခမ်းအနားများကို (KNU) လက်အောက်ခံ တပ်မဟာများနှင့်တပ်ရင်းတပ်ဖွဲ့များတွင် ကျင်းပကြမည်ဖြစ်ဟု တာဝန်ရှိသူများ ကပြောသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment