address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 26, 2015

(OKRSO) အဖွဲ့ ရွှေးကောက်ပွဲ ကျင်းပပြီးစီး



26.1. 2015

ဘန်ကောက်အခြေစိုက် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) အဖွဲ့ ရွှေးကောက်ပွဲကို ဒီနေ့ဘန်ကောက်မြို့မှာ ကျင်းပခဲ့ကြီး စောထွန်းနိုင်သန်း ဥက္ကဌ - နန်းသမော့ခလိန်းဆန့် အတွင်းရေးမှူး - အဖြစ် ရွေးကောက်တင်မြောက် ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့အဖွဲ့ဝင် (၅၀) နီးပါးက အဖွဲ့ရဲ့ဒုဥက္ကဌ တွဲဘက် အတွင်းရေးမှူးနဲ့ ဌာန(၆)ခုက တာဝန်ခံတွေကိုလည်း ဒီနေ့မှာဘဲ ဒီမိုကရေစီနည်းနည်းကျကျ ရွှေးချယ်ခဲ့ကြပါတယ်။

ပြည်ပရောက် ကရင်ဒုက္ခသည်တွေကို အကူအညီပေးဘို့အတွက် (OKRSO) အဖွဲ့ကို ၁၉၉၂ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီကနေ့အထိ အမျိုးသားရေးလုပ်ငန်းအချို့ နဲ့ စာပေယဉ်ကျေးမှု ပညာရေးကဏ္ဍတွေ အပါအ၀င် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment