address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 26, 2015

ဒုတိယမြောက် မြ၀တီ−မဲဆောက်တံတား မကြာမီ တည်ဆောက်မည်




26.1. 2015

မြ၀တီနှင့် မဲဆောက်သို့ ဆက်သွယ်မည့် ဒုတိယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံ တားတည်ဆောက်ခြင်းစီမံကိန်း ကို ထိုင်းဘက်ခြမ်းတွင် မကြာ မီ စတင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြ ထားသည်။

ထိုင်းနိုင်ငံက ဘတ်သန်း ၃,၉၀၀ ကျော် ကနဦးသုံးစွဲရန် ရည်ရွယ်ထားသည့် အဆိုပါတံတား သစ်ကို ဇန်န၀ါရီ ၂၄ ရက် တွင်ထိုင်းနိုင်ငံ လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက စီမံကိန်းလုပ် ဆောင်ရမည့်အခြေအနေကို လာ ရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။

‘‘သူတို့ဘက်ကတော့ စဖို့ တာစူနေပြီ။ ဒီဘက်မှာကတော့ တံတားဆောက်ဖို့ ယန္တရားတွေ ပို့ဖို့စီစဉ်တာတွေရှိပါတယ်။ ကုန်ကျ စရိတ်တော့ အသေးစိတ်တွက် ချက်နေတုန်းပဲ’’ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးတစ်ဦးက ဇန်န၀ါရီ ၂၅ ရက် တွင်ပြောသည်။

အဆိုပါတံတားကို တစ်နှစ် အတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ်ထားပြီး အသစ်တည် ဆောက်မည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားမှာ လက်ရှိ တံတားထက်ပိုမိုကြီးမားနိုင်ပြီး တံတားသစ်မှာ လက်ရှိတံတား၏ မြောက်ဘက် သုံးကီလိုမီတာ အကွာ ထိုင်းဘက်ခြမ်းဝမ်တခင်း ရမ်းရပ်ကွက် (၇) နေရာတွင်ဖြစ် ပြီး မြန်မာဘက်ခြမ်း၌မူ မြ၀တီအမှတ် (၅) ရပ်ကွက်တွင် တည်ရှိမည်ဖြစ်သည်။

‘‘ဟိုဘက်ကမ်း(မဲဆောက်) ဘက်မှာတော့ စက်ယန္တရားတွေ ရောက်နေပြီ။ ဒီဘက်ခြမ်းမှာ တော့ မြေကိုလာတိုင်းတာ လောက်ပဲ တွေ့သေးတယ်’’ ဟု မြ၀တီမြို့ခံနယ်ခြားစောင့်တပ်မှ ဗိုလ်မှူးစောလင်းအောင်ကပြော သည်။ ယခုတည်ဆောက်မည့် တံ တားသစ်သည် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်အထူးစီးပွားရေးဇုန်နှင့် နီးစပ်မှုရှိပြီး အဆိုပါ စီမံကိန်း အတွက် အထောက်အကူပြုရန် တံတားသစ်ကို ထိုင်းအစိုးရက မျှော်လင့်ထားသည်။

လက်ရှိ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားမှာ သက် တမ်းအားဖြင့် ၁၆ နှစ်ကျော်နေ ပြီဖြစ်ပြီး ထိုင်း-မြန်မာ ကုန်သွယ် ရေးလမ်းကြောင်းအတွက် အဓိကအသုံးပြုနေသည့် ပင်မလမ်းမကြီး တစ်ခုဖြစ်သည်။

7Day Daily

No comments:

Post a Comment