address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 28, 2015

ရက်ပိုင်းအတွင်း ညီအမမြို့ ဖြစ်တော့မည့် မဲဆောက်နှင့်မြ၀တီ




28.1.2015

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မနက်ဖြန်ကစပြီး ၅ ရက်ကြာပြုလုပ်မဲ့ နယ်စပ်ကုန်စည်ပြပွဲ ကာလအတွင်းမှာ နှစိဖက်အစိုးရတာဝန်ရှိသူတွေက မဲဆောက်နဲ့မြ၀တီမြို့တွေကို ညီအမမြို့တွေအဖြစ် တရားဝင်ကြေညာမယ်လို့ သတင်းရရှိပါတယ်။

မဲဆောက်မြို့က နယ်စပ်ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံကုန်သွယ်ရေးဝန်ကြီး နဲ့မြန်မာနိုင်ငံ စီးပွားနဲ့ကူးသန်းက ပြည်ထောင်စုဝန်ကြီး တက်ရောက်ကြမယ်လို့ ထိုင်းဖက်ကပြောပါတယ်။

ထိုင်းဖက်ကတာဝန်ရှိသူတဦးပြောတာကတော့ မဲဆောက်နဲ့မြ၀တီကို ညီအမမြို့ အဖြစ် နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေတဲ့ ဒုတိယနေ့မှာ ကြေညာဘို့ရှိပြီး ဒီကိစ္စအတွက် ထိုင်းဘက်ကက တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့မြန်မာဘက်က မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြ၀တီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

သူပြောတဲ့အထဲမှာ ညီအမမြို့အဖြစ်ကြေညာဘို့ ထိုင်းဘက်ကအရံသင့် အနေအထားမှာရှိနေပြီး မြန်မာဘက်ကိုဘဲ စောင့်နေတာဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုပါတယ်။

စီးပွားရေးပညာရှင်အချို့ ကတော့ မဲဆောက်-မြ၀တီ နယ်စပ်ကနေတဆင့် နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ခရီးသွားလုပ်ငန်းတွေက မကြာခင်ကာလတခုမှာ အရှိန်အဟုန်ကြီးစွာနဲ့ ပေါ်ထွက်လာမဲ့ဒေသဆိုပြီး သုံးသပ်ပြောဆိုကြပါတယ်။

မဲဆောက်ဘက်ခြမ်းမှာလည်း ထိုင်းဘက်ကနေ နောက်ထပ်သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတား တစင်းအပါအ၀င် အထူးစီးပွားရေးဇုန်တခု အကောင်အထည်ဖော်ဘို့ လုပ်ဆောင်နေပါတယ်။

ထိုင်းဖက်က အကောင်အထည်ဖော်နေတဲ့ မဲဆောက်အထူးစီးပွားရေးဇုန်ပြီးရင် မြန်မာထွက်ကုန်တွေကို ထိုင်းကနေတဆင့် ဗီယက်နမ်-လာအို - ကမ္ဘောဒီးယား အပါအ၀င် အာဆီယံနိုင်ငံအချို့ ကို ကုန်းလမ်းကနေ တိုက်ရိုက်တင်ပို့နိုင်မှာဖြစ် သလို ထိုင်းထွက်ကုန်တွေကိုလည်း မြန်မာကနေတဆင့် တရုတ် အပါအ ၀င်မြန်မာအိမ်းနီးချင်းနိုင်ငံတွေနဲ့ဆက်စပ်နိုင်ငံတွေကို ကုန်းလမ်းကနေ တိုက်ရိုက်တင်ပို့နိုင်မယ်လို့ ထိုင်းကုန်သည်ကြီးတွေက သုံးသပ်ပြောဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment