address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 14, 2015

၃ နှစ်ပြည့် အပစ်အခတ်ရပ်စဲရေးနှင့်(ကေအန်င်ယူ)



 လွန်ခဲ့သည့် ၃ နှစ်က ဘားအံမြို့ တွင်ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးပွဲတွင်တွေ့ရသည့် ပဒိုအားတိုးနှင့်လက်ရှိ (ကေအင်န်ယူ) ဥက္ကဌ ။

14.1.2015

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်မှာ ယမန်နေ့က သုံးနှစ်ပြည့်မြောက်သွားပြီးဖြစ်သော်လည်း စာချုပ်ပါအတိုင်း ပီပီပြင်ပြင်အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟု ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ပြောဆိုလိုက်သည်။

၎င်းက" နှစ်ဖက်စလုံးကစာချုပ်ပါ အချက်အလက်တွေကိုလိုက်နာဘို့နဲ့ အကောင်အထည်ဖော်ဘို့လိုတယ် အခုအနေအထားတွေက ဘာမှပီပီပြင်ပြင်မရှိသေးဘူး ဒီထက်မက ကြိုးစားလုပ်ဆောင်ကြဘို့လိုတယ်"ဟု တိုက်တွန်းပြောကြားခဲ့သည်။

ကရင်အရေးလေ့လာသူများ၏ အဆိုများအရ နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းရာ၌ သောင်မတင်ရေမကျ ဖြစ်နေရသည့် အဓိက ပြဿ နာများထဲတွင် နှစ်ဖက်တပ်များ တပ်တည်နေရာချ ထားရေးကိစ္စလည်း အပါအ၀င်ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သည့် ၃ နှစ်က ဘားအံမြို့တွင် ပြုလုပ်ခဲ့သည့် နှစ်ဖက်အကြား အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးပွဲတွင် ပဒိုအားတိုးသည် (ကေအင်န်ယူ) ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်ပြီး လက်မှတ်ရေထိုးခဲ့သူတဦးဖြစ်သည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment