address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 6, 2015

မလေးရှားရောက် မြန်မာများ သက်သေခံကတ် ထုတ်ပေးခြင်းအား သက်တမ်း တိုးမြှင့် ဆောင်ရွက်ပေးမည်

6.1.2015

မလေးရှား နိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသည့် မြန်မာများ အတွက် သက်သေခံ ကတ်ပြား ထုတ်ပေးခြင်းအား သတ်မှတ် ထားသည့် ရက်ထက် သက်တမ်း တိုးမြှင့်ကာ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။


တရားမ၀င် ရောက်ရှိသူများနှင့် အထောက် အထားအထား မရှိသူများ သက်သေခံ ကတ်ပြား ထုတ်ပေး ခြင်းအား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကုန် အထိသာ ဆောင်ရွက် ပေးမည်ဟု ထုတ်ပြန်ထား သော်လည်း လိုအပ်ချက်များရှိ နေသေး၍ ထပ်မံ တိုးမြှင့် ဆောင်ရွက်ပေးရန် စီစဉ် နေခြင်း ဖြစ်ကြောင်း သိရသည်။

အဲဒီမှာ တရားမ၀င်တဲ့ သူတွေက အများကြီးရှိ နေသေးတဲ့ အတွက် မလေးရှား အစိုးရက သတ်မှတ်ပေးတဲ့ ရက်နဲ့ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီနှစ်လယ် လောက်ထိ တိုးမြှင့် ဆောင်ရွက်ပေးဖို့ စီစဉ်နေ တယ် ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦး က ပြောသည်။ ယင်းကဲ့သို့ သက်သေခံ ကတ်များ၊ နိုင်ငံ ကူးလက်မှတ်များ ထုတ်ပေးခြင်းအား ဆောင်ရွက်ရန် မလေးရှား အစိုးရထံ တင်ပြ ထားပြီး ဖြစ်၍ ခွင့်ပြုချက် ရရှိသည်နှင့် တစ်ပြိုင်တည်း သက်သေခံ ကတ်ပြား ထုတ်ပေးခြင်းအား ဆက်လက် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရ သည်။

တရားမ၀င် အထောက်အထား မရှိသည့် မြန်မာ လူမျိုးများအား သက်သေခံ ကတ်ပြား၊ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရုံ သာမက နိုင်ငံကူး လက်မှတ် သက်တမ်း ကုန်နေ သူများ အတွက်လည်း ဗီဇာသက်တမ်း ထပ်မံ တိုးမြှင့်ပေးခြင်း အတွက်လည်း စီစဉ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားမှာက တရားဝင်ထက်၊ တရားမ၀င်က ပိုများတယ်။ ပြီးတော့တရား မ၀င်ရင် အလုပ်ရှင်တွေ ကလည်း အရမ်းနှိမ် တာတွေ၊ တန်ရာ တန်ကြေးမပေးတာ တော် တော်ဆိုးတာ။ အခုလို တရားဝင် ဖြစ်အောင် ဆောင်ရွက်ပေးနေ တာကို သွားပြီး လုပ်ဖို့ တော့လိုတယ် ဟု မလေးရှား နိုင်ငံတွင် သုံးနှစ်ကျော် လုပ်ကိုင်ခဲ့သည့် ဦးမြင့်စိုးက သုံးသပ်ပြောသည်။

လက်ရှိ မြန်မာ လုပ်သားများ ပြည်ပသို့ အများဆုံး သွားရောက် လုပ်ကိုင်နေ ကြသည့် နိုင်ငံများမှာ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် အများဆုံး သွားရောက် လုပ်နေပြီး အဆိုပါ သွားရောက် လုပ်ကိုင် ရာတွင် တရားမ၀င်သွား ရောက်သည့်သူ အများအပြားလည်း ပါဝင်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

Messenger News Journal

No comments:

Post a Comment