address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 6, 2015

ကချင်ပြည်နယ်တွင် တရားမဝင် သစ်ခိုးထုတ်နေသော နိုင်ငံခြားသား တစ်ရာကျော်ကို သစ်တင်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိ



 
6.1.2015
 ကချင်ပြည်နယ်တွင် တပ်မတော်လေမှ လေကြောင်း ကင်းထောက်မှုများအရ တရားမဝင် သစ်ခိုးထုတ် နေသော နိုင်ငံခြားသား ၁၀၂ ဦးကို လေကြောင်း ကင်းထောက်မှုအရ တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်း ဆောင်ရွက် ဖမ်းဆီးမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။


ယင်းနိုင်ငံခြားသားများအနက် အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ကျန်လူများကို စိစစ်ဆဲဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ အတွင်း တရားမဝင် သစ်ခုတ်ယူပြီး သစ်တင်ယာဉ်များ စုစည်း ပြင်ဆင်ထားရှိမှုကို လေကြောင်း ကင်းထောက်မှုအရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ဖမ်းဆည်းရမိသော တစ်ဖက်နိုင်ငံသားများထံမှ ကေအိုင်အေ (ကချင်) အဖွဲ့၊ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိ ဇောဘုတ် ထန်း လက်မှတ်ရေးထိုးခွင့် ပြုထားသော သစ်ထုတ်လုပ်ခွင့် ပြုထားသည့် စာကိုပါ သိမ်းဆည်း ရမိခဲ့ပြီး တရားမဝင် သစ်ထုတ်ရာတွင် အသုံးပြုသော မြေတူးစက်တစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ အမျိုးအစား (စိစစ်ဆဲ) သစ်တင်ယာဉ် ၄၃၆ စီး (၁၄ စီး သစ်ပါရှိ)၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင်ကယ် ၉ စီး၊ မြန်မာနိုင်ငံသား ကျားလေးဦး၊ မ ၁၆ ဦးနှင့် တစ်ဖက်နိုင်ငံသား ကျား ၉၇ ဦး၊ မ ငါးဦး၊ စုစုပေါင်း ၁၂၂ ဦး၊ လက်ဆွဲစက်လွှ နှစ်ခု၊ အိပ်ရာလိပ် ၁၀ ခု၊ ဆိုလာပြားတစ်ပြား၊ ဘက်ထရီတစ်လုံး၊ ဖုန်းကြိုးတိုင်တစ်ခု၊ စိတ်ကြွဆေးပြား ၆၈၀ ပြား၊ ဘိန်းမည်းခြောက်ထုပ်၊ ဘိန်းစိမ်း ၂၀ ကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသော နိုင်ငံခြားသားများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် တရားစွဲဆိုသွားမည် ဖြစ်ပြီး အချို့ လွတ်မြောက် နေသူများကို နယ်မြေခံ တပ်ရင်းများက ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment