address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 23, 2015

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားတားသစ်စီမံကိန်း ဖြစ်မဖြစ် ယနေ့ညနေ တွင်သိရမည်




23.1.2015

ဒုတိယမြောက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားစီမံကိန်းကို ထိုင်းနိုင်ငံဘက်မှ တည်ဆောက်မည့် အစီအစဉ်ဖြစ် မဖြစ် ကို ယနေ့ညနေတွင် သိရှိရမည်ဖြစ်သည်။

အဆိုပါတံတားသစ် တည်ဆောက်မည့်နေရာကို ယနေ့တွင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေး မည်ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်၍ ယနေ့ညနေ ၄ နာရီတွင် မဲဆောက်မြို့ ၌ သတင်းစာရှင်း လင်းပွဲတရပ် ပြုလုပ် မည်ဖြစ်သည်။

အာရှအဝေးပြေးလမ်းမကြီးနှင့်ချိတ်ဆက်မည့် ဒုတိယမြောက် နယ်ခြား သောင်းရင်းမြစ်ဖြစ်ကျော် ချစ်ကြည်ရေးတံ တားကို လက်ရှိချစ်ကြည် ရေး တံတား၏ မြောက်ဖက်တွင်တည်ဆောက်ရန်အတွက် မြန်မာနှင့်ထိုင်းအစိုးရ သဘော တူညီထားသော်လည်း ထိုင်းဖက်မှယနေ့အထိ တည်ဆောက်နိုင်ခြင်းမရှိသေးဟုသိရသည်။

လက်ရှိအသုံးပြုနေသည့် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားမှာ ၂၀၀၆ ခုနှစ်ကစတင်ကာ တံတားကြံခိုင်မှု ကျဆင်း သွားသောကြောင့် ဒုတိယ မြောက်ချစ်ကြည်ရေးတံတားသစ်ကို တည်ဆောက်မည့် အစီအစဉ်ဖြစ်ပေါ် လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ယခင်အစိုးရလက်ထက်တွင် တည်ဆောက်နိုင်ခြင်းမရှိသည့် အတွက် လက်ရှိထိုင်းအစိုးရက တည်ဆောက် နိုင်ရန်အတွက် လုံးပမ်းနေခြင်း ဖြစ်သည်ဟု ထိုင်းကုန်သည်များက ဆိုသည်။

လက်ရှိချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ မီတာ ၄၂၀ ရှည်ပြီး တံတား အကျယ်မှာ ၁၃ မီတာ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စက်ကုန်သွယ်ရေး၏ အဓိကကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် ထိုင်းကုန်စည်များတင်ပို့မှုမှာ တလလျှင် ထိုင်းဘတ်ငွေသန်း(၃) ထောင် အထက်တွင်ရှိပြီး လက်ရှိပမာဏထက် ထက်မံ တိုး မြှင့်တင်ပို့နိုင်ရန်အတွက် ထိုင်းအစိုးရမှ လုပ်ငန်းစဉ်များတိုးချဲ့ ဆောက်ရွက်လျှက်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment