address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 12, 2015

မြန်မာဘက်ကသွင်းလာသည့် စိတ်ကြွဆေးများ ရေလယ်ကျွန်းတွင် ဖမ်းမိ




12.1.2015

ကရင်ပြည်နယ် မြ၀တီမြို့ တဖက်ကမ်း တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာဘက်က တင်သွင်းလာတဲ့ ယာမ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းရဲအရာရှိတဦးက ပြောပါတယ်။

ယာမစိတ်ကြွဆေးပြား ၈ သောင်း၊ ကျပ်ငွေ သိန်း ၄၀ နဲ့အတူ လူ ၂ ဦးကို ဇန်န၀ါရီလ ၁၁ ရက် မနက်စောစောက မဲဆောက်-မြ၀တီ တံတားအောက် ရေလယ်ကျွန်းမှာ ဖမ်းမိလိုက်တာလို့ ဆိုပါတယ်။

မနက် ၆ နာရီလောက်က မြ၀တီမြို့ဘက်က လာတဲ့ လူငယ် ၃ ဦးကို မဲဆောက်အ၀င် မဲဆောက်-မြ၀တီ တံတားအောက် ရေလယ်ကျွန်းမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးတဲ့အခါ တဦးက ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ကျန် ၂ ဦးဖြစ်တဲ့ မောင်မင်းကို၊ စိုင်းကိုကို တို့နဲ့အတူ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကြာခင် ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းမယ်လို့ ရဲအရာရှိက ပြောပါတယ်။

DVB

No comments:

Post a Comment