address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 12, 2015

ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ် ရေလယ်ကျွန်းပေါ်မှ ဓမ္မာရုံ





12.1.2015

ယခင်က ဒုစရိုက်မှုများဖြင့် ကျော်ကြားခဲ့သော မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အောက်ရှိ ရေလယ်ကျွန်းတွင် အမျိုး-ဘာသာ-သာသနာစောင့် ရှောက်ရေးအဖွဲ့က ဓမ္မရတနာ သောင်ရင်း သမ္မာပရဟိတ အသင်းက ဓမ္မာရုံတခု ဆောက်လုပ်ထားပြီး နှစ်နိုင်ငံအကြား စက်လှေဖြင့် ကူးသန်းသွားလာနေကြသည့် မြန်မာများကို ကူညီစောင့်ရှောက်မှုများ ပေးနေသည်ဟု ခရီးသွားများက ပြောသည်။

ယခင်က အဆိုပါရေလယ်ကျွန်းလမ်းမှ ပြန်လာသည့် မြန်မာအလုပ်သမားများကို လိမ်လည်ဖျားယောင်း မိုက်ကြေးခွဲခြိမ်းခြောက်ကာ ပါလာသည့် ပစ္စည်းနှင့်ငွေကြေး များကို အဓမ္မရယူမှုများ မကြာခဏဖြစ်ပွားခဲ့ရာ နေရာဖြစ်သည်။

သမ္မာပရဟိတအသင်းအနေဖြင့် ရေလယ်ကျွန်းမှ ဒုစရိုက်လုပ်ငန်းများ လုံးဝကင်းရှင်း သွားသည်အထိ လုပ်ဆောင်နိုင်ခြင်းရှိမရှိကိုမူ စောင့်ကြည့်ရမည်ဟု ခရီးသွားက ပြောသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

No comments:

Post a Comment