address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 20, 2015

ကျိုက်ထီးရိုးဘုရားဖူးများ စည်းကမ်းလိုက်နာရန်လိုအပ်




20.1.2015

ပွင့်လင်းရာသီသို့ ရောက်ရှိလာ သည်နှင့်အညီ အနယ်နယ်အရပ်ရပ် မှဘုရား ဖူးများသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုး ဆံတော်ရှင်စေ တီတော်သို့ နေ့စဉ် နှင့်အမျှ အများအပြားလာရောက် လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လာရောက်ရာတွင် ညအိပ်နေထိုင် ဖူးမြော်ကြသော ဘုရားဖူးများမှာ အမှိုက်ပုံးများထားရှိ သော်လည်း ရင်ပြင်တော်ပေါ်တွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြ ခြင်းမရှိကြောင်း ဘုရားဖူးခရီးသွား တစ်ဦးထံမှ သိရသည်။

ထို့အပြင် ဆံတော်ရှင်စေတီ တည်ထားရာ ကျောက် လုံးတော် မြတ် အား ရွှေ သင်္ကန်း ကပ်လှူပူဇော် ရာတွင် စေတီအဝင်မုခ်ဝ၌ လုံခြုံရေး ဝန်ထမ်း များက ဖုန်းများ၊ ကင်မရာများ စေတီပရိဝုဏ်အတွင်းသို့ ယူမသွား ရန်၊ ဘောင်းဘီဖြင့် ဝင်ရောက်ခြင်း မပြုရန် ဆိုင်းဘုတ်များဖြင့် ရေးသား တားမြစ်ထားသော်လည်း အချို့သော ဘုရားဖူးများမှာ လိုက်နာဆောင် ရွက် ခြင်း မရှိသည် ကို တွေ့မြင်နေရသည်။

သမိုင်းဝင် တန်ခိုးကြီးဘုရားများ ဖြစ်၍ ပြည်တွင်းက ဘုရားဖူး များနှင့် ပြည်ပနိုင် ငံတွေမှ ခရီးသွားများပါ လာရောက် နေကြသည့်အတွက် အမှိုက်များကို စနစ် တကျစွန့်ပစ်ခြင်း၊ တားမြစ်ထားသည့် စည်းကမ်းချက် များကို တိကျစွာ လိုက်နာမှ သာလျှင် ဧည့်သည်များကပို၍ လေးလေး စားစား လိုက်နာလာကြမည်ဖြစ် သည်။

ယခုအခါ ကျိုက်ထီးရိုးဆံတော်ရှင်စေတီကြီးသို့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး ၂ဝ၁၅ ဇန်နဝါရီ ၆ ရက်အထိ နိုင်ငံခြားသား ခရီးသွား ၁၄၅၃၄၈ ဦး လာရောက် ကြည်ညိုခဲ့ကြောင်း ကျိုက်ထီးရိုး တောင်ပေါ် နိုင်ငံခြားသား ဇုန်ဝင် ကြေးကောက်ခံရေးရုံးမှသိရသည်။

MOI Webportal Myanmar

No comments:

Post a Comment