address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 22, 2015

ရေး ကဗျာဝကမ်းခြေ၌ အမေရိကန်ဒေါ်လာ ၁၂ သန်းတန် ကမ်းခြေအပန်း ဖြေစခန်း ဆောက်မည်




22.1.2015

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေ တွင် အမေရိကန်ဒေါ်လာ ( ၁၂ ) သန်း ကနဦးရင်းနှီးမြှုပ်နှံမည့် ကမ်းခြေအပန်း ဖြေစခန်းတစ်ခုတည်ဆောက်ရေး မွန်ပြည်နယ်အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးပြီး ဖြစ် ကြောင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် Aurun Company Limited တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ကတော့ စီမံကိန်းပထမအဆင့်မှာ အမေရိကန် ဒေါ်လာ ၁၂ သန်းလျာထား ပါ တယ်။ အခြေအနေအပေါ်မူတည်ပြီးတော့ ထပ်မံတိုး ချဲ့သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စု အစိုးရ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်၊ မွန်ပြည် နယ်အစိုးရအဖွဲ့လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်သွားမှာပါ ”ဟု Aurun Company Limited မှ မန်နေဂျင်း ဒါရိုက်တာ ဦးဋ္ဌေးသွင်က ပြောသည်။

အဆိုပါ စီမံကိန်းကို ရေးမြို့နှင့် ၁၇ မိုင်ခန့်ကွာဝေးသည့် ကဗျာဝကျေးရွာအနီးမှ တောင်ဘက် မကျီးချောင်းဝ အထိ ၈ မိုင်ခန့်ရှည်သည့် ကမ်းခြေတလျှောက်တွင် တည်ဆောက်မည်ဖြစ်ပြီး အဆင့်မြင့်အခန်း ၁၂၀ ပါဝင်မည့် ဘန်ဂလိုများ၊ ဟိုတယ်၊ ရုံးခန်းများ၊ ကားရပ်နားရန်နေရာများ၊ ဧည့်ခန်း၊ စားသောက်ခန်းများ၊ ၀န်ထမ်းအိမ်ယာ များ၊ ရေကူးကန်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီစီမံကိန်းက ဒေသအကျိုးစီးပွား ဖြစ်ထွန်းလာမယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက် စေချင်တဲ့ အတွက် ပြည်နယ်အစိုးရအနေနဲ့လည်း အားပေးတယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးသွားဖို့ ရှိပါ တယ်။ လက်ရှိမြေယာ ရရှိမှုအနေ နဲ့ကတော့ ကုမ္ပဏီဘက်က သက်ဆိုင်ရာကျေးရွာမှာရှိတဲ့ တာဝန်ရှိ သူတွေ၊ ဒေသခံတွေ ညှိပြီးလုပ် ကြပေါ့ ” ဟု ရေးမြို့နယ် တာဝန်ခံဝန်ကြီး၊ မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးနိုင်လ၀ီအောင်က ပြောသည်။

အဆိုပါကဗျာဝကမ်းခြေသည် ရေးမြို့နယ်အတွင်း အလှပဆုံးကမ်းခြေတစ် ခုဖြစ်ပြီး ယခင်က လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်း၊ လုံခြုံစိတ်ချရမှု မရှိခြင်းများကြောင့် ရေးမြို့နှင့် အလှမ်း မဝေးသော် လည်း သွားရောက်အပန်း ဖြေသူနည်းပါးခဲ့သည်။

“ ဒေသအကျိုးစီးပွားဖြစ်ထွန်းလာမှာဖြစ်တဲ့အတွက် ကောင်းပါတယ် ” ဟု ကဗျာဝဒေသခံ နိုင်စိုးပိုင်က ဆိုသည်။

စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ၂၀၁၄ ခုနှစ်၊ ဧပြီလမှ စတင်ကာ မွန်ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် စတင်လေ့လာခဲ့ပြီး ယင်းနှစ် ဇူလိုင် လတွင် စူးစမ်းလေ့လာမှုအစီရင်ခံစာကို ပြည်နယ်အဆင့် သက်ဆိုင်ရာဝန်ကြီး များနှင့် တွေ့ဆုံဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံ သူများအား ဖိတ်ခေါ်ပြီး ရင်းနှီးမြှပ်နှံသူရရှိပါက အထပ်မြင့်အဆောက် အဦးများ၊ သဘာဝခရီးသွားလုပ်ငန်းများ တည်ဆောက်သွားရန် ရည်ရွယ်ထား ပြီး ယင်းလုပ်ငန်းများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပင်လယ် ကမ်းခြေ သုတေ သနလုပ်ငန်းများ၊ မွန်စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို အခြေပြုသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသော မီးခိုးတိတ်၊ အစိမ်းရောင်စက်ရုံအလုပ်ရုံအစုအဖွဲ့ဇုန်များကိုပါ စီစဉ်ဆောင်ရွ က် သွားမည် ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment