address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 8, 2015

လမ်းမပြီးခင် ခရီးသည်တင် အိမ်စီးကားများကို တရားမ၀င်ဂိတ်ကြေးကောက် ကာ သွားလာခွင့်ပေးနေသည့် မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ်ကားလမ်း



       ပုံစာ - လမ်းသစ်ကို တရားမ၀င် အသုံးပြုဘို့အတွက် စောင့်ဆိုင်းနေကြသည့် မော်တော်ယာဉ်အချို့ ကိုတွေ့ရစဉ်။

8.1.2015

လမ်းစီမံကိန်းအပြီးစီးသေးတဲ့ မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ် ကား လမ်း ကို အဲဒီလမ်းပေါ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဂိတ် (၆) ခုလောက်ထားပြီး ခရီးသည်တင်အိမ်စီးကားငယ်တွေကို တရားမ၀င်ဂိတ် ကြေးတွေကောက်ခံပြီး သွားလာခွင့်ပြုနေတယ်လို့သိရပါတယ်။

ခရီးသည်တင်အိမ်းစီးကားတွေကို တဂိတ်ကိုအနည်းဆုံး ကျပ်(၁) ထောင်ထက် မနည်းတဲ့ဂိတ်ကြေးတွေကို ဂိတ်တိုင်းမှာကောက်ခံနေပြီး မြ၀တီကနေလမ်းသစ်ကို စ၀င်မဲ့ပထမဆုံးဂိတ်မှာတော့ ကားတစီးလျှင် ကျပ်ငွေ (၅) ထောင်နှုန်းနဲ့ကောက်ခံနေတယ်လို့ ကားသမားအချို့ က ဆိုပါတယ်။

လမ်းစီမံကိန်းမပြီးခင်မှာ နေ့စဉ်ကားအစီးရေ ရာဂဏန်းအထက်မှာရှိတဲ့ကားတွေကို သွားလာကြတဲ့အတွက် အချိန်မရွေး ကြီးမားတဲ့အန္တရာယ်တွေ ကျရောက်နိုင်တယ်လို့ လမ်းဖောက်လုပ်ရေး တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

မြ၀တီမြို့ခံတွေပြောတာကတော့ တာဝန်ရှိတဲ့လူကြီးတွေကိုယ်တိုင်က စည်းကမ်းလိုက်နာခြင်းမရှိဘဲ သွားလာနေတာဆိုတော့ အောက်ကလူတွေကိုပြောဆိုရတာခက်ပါတယ်ဆိုပြီး ပြောဆိုကြပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကတော့ ဒီလမ်းကြောမှာ မော်တော်ယာဉ်တွေသွားလာခွင့်နဲ့ဂိတ်ကြေးကောက်ခွင့်တွေ ဘယ်သူ့ကိုမှ ခွင့်မပြုထားဘူးလို့ဆိုပါတယ်။

လက်ရှိမှာတော့ ကားတွေနေ့စဉ် ၀င်ထွက်သွားလာနေတဲ့အတွက် ဒီလမ်းသစ်ဟာ အခုချိန်မှာတောင် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဆိုသလို စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့အတွက် စိတ်ပျက်မိတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဒီလမ်းကိုအသုံးပြုနေကြတဲ့ ကားသမားတွေ ငွေကြေးအကုန်အကျခံပြီး အကြိုက်တွေ့နေရတာကတော့ မြ၀တီနဲ့ကော့ကရိတ်မြို့ ကို မီးနစ် (၅၀) လောက်နဲ့ဘဲ ခရီးပေါက်နေတာကြောင့်လို့ သိရှိရပါတယ်။

ဒါတောင်မှ တောင်ပတ်ကားလမ်းစီမံကိန်းက တ၀က်တပြက် ကတ္တရာလမ်းတ၀က် မြေနီလမ်းတ၀က် အနေအထားမှာဘဲရှိနေပါသေးတယ်။

ခရီးသည်တင် အိမ်စီးကားမောင်သူတွေ အဆိုအရ အခုဆိုရင်ဒီလမ်းကနေ နားလည်မှုနဲ့သွားလာလို့ရနေတော့ ကားတန်းတရက်ခြားဆိုတာ ခရီးသည်တွေ အတွက် မရှိသလာက်ဖြစ်သွားပြီး ကုန်ကားကြီးတွေ နဲ့ခရီသည်ကားကြီး တွေကတော့ လမ်းဟောင်းကိုဘဲ အသုံးပြုနေကြတယ်လို့ သိရပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ဒေါနတောင်ကျော်ကားလမ်းကတော့ တရက်ခြား ပြေးဆွဲနေရတာဖြစ်ပြီး ကားလေးတွေတောင် အချိန်တနာရီခွဲကျော် မောင်းနှင်ရသလို ကားလမ်းပိတ်နေရင်လည်း တနေကုန်နီးပါ စောင့်ဆိုင် ရတာမျိုးလည်း မကြာခဏဖြစ်တတ်ပါတယ်။

ဒေသခံတွေကတော့ ဒီလမ်းသစ်ကြီး အလုံးစုံပြီးစီးသွားချိန်မှသာ တရားဝင်အသုံးပြုကြမယ်ဆိုရင် အားလုံးအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ထင်မြင်ချက်တွေပေးကြပါတယ်။

အခုတော့ လုံးဝအသုံးပြုဘို့ အချိန်မတိုင်သေးတဲ့ ဒီတောင်ပတ်ကားလမ်း သစ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူအဆင့်ဆင့်က ဒီလမ်းအသုံးပြုမှုနဲ့ပတ်သက်ပြီး ဒီအတိုင်းဘဲ မသိကျိုးကျွန်ပြုထားမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဆိုကျိုး တွေဖြစ်ပေါ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုနေကြ ပါတယ်။

ဒီလမ်းသစ်ကိုဖောက်လုပ်နေတဲ့ ထိုင်းလမ်းဖောက်လုပ်ရေးကုမ္ပဏီကတော့ စီမံကိန်းကာလမှာ ဘယ်သူ့ကိုမှ လမ်းအသုံးပြု ခွင့်မပေးဘဲ အသုံးပြု လို့ အန္တရာယ်တစုံတခုဖြစ်ခဲ့ရင် တာဝန်မယူဘူးဆိုတဲ့အကြောင်း အသိပေးဆိုင်ဘုတ် ထောင်ထားပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment