address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 20, 2015

KNU မိသားစုဝင်များအတွက် ဆိုလာ ဆေးစိမ်ခြင်ထောင်နှင့် ဆန်ရိက္ခာများ ထောက်ပံ့




20.1.2015

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဌာန (MPC)နှင့် နီပွန် ဖောင်ဒေးရှင်းတို့ ပူပေါင်း၍ လူသားချင် စာနာထောက်ထားမှု အကူအညီပေးသည့်အနေဖြင့် KNU ကရင်အမျိုးသားအစည်းအရုံး (ဗဟို)အတွက် ဆန်ရိက္ခာ၊ ဆိုလာမီးအိမ်နှင့် ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်(၀၇း၃၀) နာရီတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ သီရိ လမ်းမကြီးပေါ်တွင် ဆောင်ရွက်ကြသည်။

အဆိုပါပေးအပ်ပွဲသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ မိ၊မြို့ဖများ၊ KNU (ဗဟို)မှ တာဝန်ရှိသူများ၊ နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် နီပွန်ဖောင်ဒေးရှင်းမှ မစ္စတာမက်စုချီးမားတို့က ဆန်အိပ် (၁၉၉၄၂)အိပ်၊ ဆိုလာမီးအိမ် (၂၄၅၈)စုံနှင့် ဆေးစိမ်ခြင်ထောင်(၂၄၅၈)လုံးကို ပေးအပ်ရာ KNU ကရင်အမျိုးသား အစည်းအရုံး(ဗဟို)မှ တာဝန်ခံများက လက်ခံရယူကြသည်။ အဆိုပါထောက်ပံ့ပစ္စည်းများအား KNU ကရင်အမျိုးသား အစည်းအရုံး(ဗဟို) နယ်မြေများမှ ကျေးရွာအုပ်စု(၅)အုပ်စုတွင် ပါဝင်သောကျေးရွာ(၅၇)ရွာ၊ အိမ်ထောင်စု (၃၆၃၃)စု၊ လူဦးရေ(၂၀၀၅၉)ဦး ရှိသောမိသားစုဝင်များအတွက် အကူအညီပေးထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment