address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 22, 2015

ကရင်လက်နက်ကိုင်တပ်များ ပူးတွဲ၍ (၆၆)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ စစ်ရေးပြပွဲ ကျင်းပမည်



              ပုံစာ - ယမန်နှစ်က ဖာပွန်ခရိုင် တပ်မဟာ(၅)တွင် ကျင်းပခဲ့သည့် ကရင့် တော်လှန်ရေးနေ့ စစ်ရေးပြပွဲ

 
22.1.2015

ယခုလ (၃၁)ရက်နေ့တွင် ကျရောက်မည့် (၆၆)နှစ်မြောက်ကရင့်တော်လှန် ရေးနေ့ စစ်ရေးပြပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများက ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၀၃) စစ်ရေးပြ ကွင်းတွင် ပူးတွဲကျင်းပမည်ဖြစ်သည်။

အဆိုပါ စစ်ရေးပြပွဲသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ ကရင်အမျိုးသားကာကွယ်ရေး တပ် (KNDO) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ စစ်သည်များ တက်ရောက်ကြမည်ဖြစ်သည်။

ယမန်နှစ်ကလည်း KNLA တပ်ရင်း (၁၀၃) တွင် ကျင်းပသည့် ကရင့်တော်လှန်ရေးနေ့ စစ်ရေးပြပွဲသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြားမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကရင်အမျိုးသားများ စုံလင်စွာ ကက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment