address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 14, 2015

ထိုင်းအစိုးရက မတ်လနောက်ဆုံးထား၍ အထောက်အထားမပြု လုပ်သော မြန်မာ လုပ်သားများကို ဖမ်းပြီး ပြန်ပို့မည် ကြေညာ


 
14.1.2015

ထိုင်းနိုင်ငံတွင် ခြောက် လသက်တမ်းရှိ ပန်းရောင်ကတ် ပြုလုပ်ထားသော မြန်မာလုပ်သား များကို ယာယီနိုင်ငံကူးလက် မှတ်(သို့မဟုတ်) ပတ်စ်ပို့ မတ်လ ကုန်နောက်ဆုံးထားပြုလုပ်ကြ ရန် ထိုင်းအစိုးရက ညွှန်ကြားထား ပြီး မပြုလုပ်သူများကို တရားမ၀င်နေထိုင်သူများအဖြစ်သတ်မှတ်ကာ ဖမ်းဆီး၍ ပြန်လည်ပို့ ဆောင်သွားမည်ဟု ကြေညာသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် နေထိုင်ပြီး ပန်းရောင်ကတ်ပြုလုပ် ထားခြင်းမရှိသေးသော မြန်မာ လုပ်သား တစ်သန်း ကျော်ရှိ ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာ လုပ်သားများအား ကူညီစောင့် ရှောက်ပေးနေသော အလုပ်သ မားအဖွဲ့အစည်းများက ခန့်မှန်းသည်။

ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက် တရားမ၀င်လာ ရောက်လုပ်ကိုင်သော နိုင်ငံခြား သားများကို ဖမ်း ဆီးမှုများပြုလုပ်ကာ တရားဝင်နေထိုင်ခွင့်ရရှိရန် ခြောက်လသက်တမ်းရှိ ပန်းရောင်ကတ်များအား၂၀၁၄ ဇွန်လ ၃၀ ရက်က စတင်ပြုလုပ်ပေးခဲ့သည်။ထိုသို့ပြုလုပ်ပေးခြင်းကို အောက်တိုဘာ ၃၁ ရက်က နောက်ဆုံးပြုလုပ်ပေးရာ တရားမ၀င်မြန်မာလုပ်သား ၅၇၅,၅၆၉ ဦး လာရောက်ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပန်းရောင်ကတ်ပြုလုပ်ရာ တွင် လာအိုနိုင်ငံသား နှစ်သိန်း ကျော်နှင့် ကမ္ဘောဒီးယားခြောက်သိန်းကျော်လည်း ကတ်ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ၂၀၁၄အောက်တိုဘာ ၃၁ ရက်တွင်သတင်း
ထုတ်ပြန်သည်။

‘‘အဲဒီပန်းရောင်ကတ်တွေ က မတ်လ ၃၁ ရက်နောက်ဆုံး ထားပြီး လုပ်ရမှာဖြစ်တယ်။ ၃၁ ရက်နေ့မတိုင်ခင် ယာယီနိုင်ငံကူး လက်မှတ်ဖြစ်ဖြစ်၊ စာအုပ်ကြီး ဖြစ်ဖြစ်လုပ်ရမှာဖြစ်တယ်။ ပန်း ရောင်ကတ်လုပ်တုန်းအခက်အခဲ တော့ သိပ်မရှိပါဘူး။ အခုတော့ လုပ်လို့မရတော့ဘူး။ ပိတ်သွားပြီ။ ပန်းရောင်ကတ်ကနေ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ရင် အခက်အခဲတွေအများကြီးရှိနိုင်တယ်။ အလုပ်သမားအများစုက အိမ် ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပြ ရမှာ။ မရှိတဲ့အလုပ်သမားတွေက မြန်မာနိုင်ငံကို ပြန်လုပ်ကြရမှာ’’ ဟု ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း (FED)အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

ခြောက်လသက်တမ်းရှိသောပန်းရောင်ကတ်များကို ထိုင်းနိုင်ငံခရိုင်အသီး သီးတွင် One StopService ဖြင့် တစ်နေရာတည်းအပြီး ပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးဆေးစစ်ခ၊ ကျန်းမာရေး အာမခံလက်မှတ်၊ အလုပ်လုပ်ခွင့် လက်မှတ်စသည်တို့အတွက် ထိုင်းဘတ်ငွေ ၃,၁၀၀ ကုန်ကျသည်။ အဆိုပါကတ်များမှာ မတ် လ ၃၁ ရက်အထိ အသုံးဝင်မည်ဖြစ်သည်။

‘‘အဲဒီပန်းရောင်ကတ်ရှိတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရမှာ။ ထိုင်းအစိုးရက ပန်းရောင်ကတ် ထုတ်ပေးထားတဲ့ အလုပ်သမားတွေကို မြန်မာအစိုးရက ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရမှာဖြစ်တယ်။

ပန်းရောင်ကတ်မလုပ်ရသေးတဲ့ မြန်မာအလုပ်သမားတွေ တစ်သန်းကျော် ရှိတယ်လို့ ခန့်မှန်းကြတယ်’’ဟု ဦးထူးချစ်ကပြောသည်။

‘‘ပန်းရောင်ကတ်ကိုင် ဆောင်ထားတဲ့ သူတွေမှာ မှတ်ပုံ တင်ရယ်၊ အိမ်ထောင်စု စာရင်း ရယ် ပြည့်စုံလို့ရှိရင် ဒီမှာတင် သာမန်နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အကြီးကို ထုတ်ပေးဖို့အတွက် လျှောက်ထားနိုင်ပါတယ်။

အ ထောက်အထားမပြည့်စုံရင်တော့ သံရုံးကနေ ခရီးသွားထောက်ခံ ချက်ယူပြီး မြန်မာနိုင်ငံကိုပြန်ပြီး အထောက် အထားတွေ ပြည့်စုံ အောင် ပြန်ယူရမယ်’’ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာသံအရာရှိ ဦးသိန်းနိုင်ကပြောသည်။

7Day News Journal

No comments:

Post a Comment