address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 5, 2015

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား တစ်ရက်လျှင် သုံးနာရီတိုး ခွင့်ပြု




5.1.2015


တာချီလိတ်မြို့ရှိ မြန် မာ-ထိုင်းနယ်စပ်ချစ်ကြည်ရေး တံတားများကို နှစ်နိုင်ငံအစိုးရအ စီအစဉ်ဖြင့် ၂၀၁၅ မှ စတင်ကာ ဖြတ်သန်းခွင့်အချိန်တရားဝင်တိုးမြှင့်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။



ဇန်န၀ါရီ ၁ရက်မှ စတင် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခု အခါ နေ့စဉ်နံနက် ၅နာရီမှ ည ၈ နာရီအထိ နှစ်နိုင်ငံတရားဝင်သွား လာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြ၀တီချစ်ကြည်ရေးတံတားနိုင်ငံ ခြားသားများတရားမ၀င်ဝင်ရောက်မှုတားဆီးကာကွယ်ရေး အဖွဲ့(၁၂)တာဝန်ရှိသူတစ်ဦးကပြောသည်။

တာချီလိတ်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ချစ်ကြည်ရေးတံတားကို လည်း အချိန်တိုးမြှင့်လိုက်ပြီး ယ ခင်က နယ်စပ်တံတားများမှတစ် ဆင့် တရားဝင်သွားလာခွင့်မှာ နံနက် ၆နာရီမှ ညနေ ၆နာရီအထိသာခွင့်ပြုခဲ့ပြီး ယခုအခါယခင်ထက် တစ်ရက်လျှင် သုံးနာရီတိုးခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေ သည့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်စပ်ဂိတ်နှင့်ထီးခီးနယ်စပ်ဂိတ်၊ ကရင်ပြည် နယ် ဘုရားသုံးဆူမြို့ဂိတ်များတွင် မူ ယခင်အတိုင်းနံနက် ၆နာရီမှ ညနေ ၆နာရီသာသတ်မှတ်ထား ဆဲဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာ-ထိုင်းနယ်စပ်ဂိတ် များတွင် တရားဝင်သွားလာခွင့်အ ချိန်ကို တိုးမြှင့်ပေးရန် မြန်မာအစိုးရက ထိုင်းအစိုးရအား ယခင်ကတည်းကပင် တောင်းဆိုခဲ့ပြီး ထိုင်းအစိုးရက ယခုမှသာ သဘောတူခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment