address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 12, 2015

အူရီးဒူး ဝန်ဆောင်မှု မွန်ပြည်နယ်တွင် စတင်ပေးပြီ




12.1.2015

ပြည်ပအော်ပရေတာ တစ်ခုဖြစ်သည့် အူရီးဒူးက မွန်ပြည်နယ်တွင် ၎င်းတို့၏ ဝန်ဆောင်မှု စတင်ပေးနိုင်ပြီဟု ဇန်နဝါရီ ၉ ရက်က သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ပေါင်၊ မုဒုံ၊ ဘီးလင်း၊ မော်လမြိုင်၊ ကျိုက်ထိုနှင့် သထုံတို့ တွင် စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး ကွန်ရက်ဝန်ဆောင်မှုကို ဇန်န၀ါရီ ၇ ရက်က မိတ်ဆက်ခဲ့သည်။

၂၀၁၅ နှစ်ဆန်းပိုင်းအတွင်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီ အနီးတစ်ဝိုက်၌ ကွန်ရက်ရရှိ စေရန် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်း အူရီးဒူး၏ ကွန်ရက်မိတ်ဆက်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က “ဆက်သွယ် ရေးကဏ္ဍ ကောင်းမွန်လာရင် ဒေသတွင်း စီးပွားရေး၊ လူမှုရေး အားလုံးကောင်းမွန်လာမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Mizzima

No comments:

Post a Comment