address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 14, 2015

ထိုင်းတွင်ခိုလှုံနေသော မြန်မာဒုက္ခသည် တစ်သိန်းကျော် နေရပ်ပြန်လာလျှင် လိုအပ်သည့်အကူအညီပေးရန် UNHCRပြင်ဆင်


14.1.2015

ထိုင်းနိုင်ငံအတွင်းခိုလှုံ လျက်ရှိသော မြန်မာဒုက္ခသည် တစ်သိန်းကျော်နေ ရပ်ပြန်လည် ရောက်ရှိပါက လိုအပ်သောအကူ အညီစောင့်ရှောက်မှုများပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အနေ ဖြင့်ကြို တင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် မစ္စတာGiusep e de Vincentiisကပြောသည်။

ရာနှင့်ချီသော ဒေသတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ လူမှုရေးအကူ အညီပေး သည့် စီမံကိန်းထဲတွင် ပါဝင်သော မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊မွန်ပြည်နယ်သထုံမြို့နယ် ပရစ်ခို ကျေးရွာရှိ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲတွင် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘ကောင်းမွန်ပြည့်စုံတဲ့အခြေ အနေကို ရောက်လာရင် မိမိတို့ ဆန္ဒအလျှောက်ပြန် လာမယ်။ ဒုက္ခသည်တွေဘေးကင်း လုံခြုံရေးအတွက် လိုအပ်တဲ့ကူညီစောင့် ရှောက် မှုတွေပေးဖို့ UNHRC အ နေနဲ့ ပြင်ဆင်ထားပါ တယ်’’ဟု မြန်မာ နိုင်ငံဌာနေကိုယ်စားလှယ် ကပြောသည်။

လက်ရှိတွင် ဒုက္ခသည်များနေထိုင်ရေးအတွက် မြန်မာနိုင်ငံအရှေ့တောင် ပိုင်းဒေသရှိ မွန်၊ ကယား၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် UNHCR၏ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စတင်နေပြီဖြစ် သည်။

နေရပ်စွန့်ခွာဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆောင် ရွက်ရာတွင် သက်ဆိုင်ရာပြည် နယ်အစိုးရ၊ တိုင်းရင်းသားအဖွဲ့ များ၊ ဒေသခံပြည်သူ များနှင့်နိုင်ငံ တကာလူမှုအသိုင်းအ၀ိုင်းများက ကူညီရန် ၎င်းကတိုက်တွန်းလိုက် သည်။

မြန်မာနိုင်ငံသည် ဒုက္ခသည် လေးသိန်းရှစ်သောင်းခန့်ရှိသည့် အနက် ထိုင်းနယ် စပ် ရှိ ဒုက္ခသည် စခန်းကိုးခုတွင် မြန်မာဒုက္ခသည် တစ်သိန်းတစ်သောင်း ခန့်နေထိုင် လျက်ရှိသည်ဟု UNHCR ၂၀၁၄ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထား သည်။ နေရပ်စွန့်ခွာသူသုံးသိန်းခု နစ်သောင်းခန့်ရှိသည်ဟု ဆို သည်။

7Day News Journal

No comments:

Post a Comment