10-7-2013
သေမင်းတမန်ရထားလမ်း ပြန်လည်ပြုပြင် ခြင်းထက် ကားလမ်းသာ ဖောက်လုပ်သွားရန်
အခြေအနေရှိ သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြောခွင့်ရတစ်ဦးက ပြောသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ် ထားသည့် သေမင်းတ မန် ရထားလမ်း ဟောင်း ကို ပြန်လည်ဖောက်လုပ်နိုင်ရန် သုတေသနအဖွဲ့သွား ရောက်စစ်ဆေးပြီး ရရှိ လာသော အစီရင်ခံစာအရ ၄င်းက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
”သေမင်းတမန် ရထားလမ်းကတော့ မဖြစ်ဖို့များတယ်”ဟု ၄င်းက ဆိုသည်။
၁၉၄၂ ခုနှစ်တွင် ဂျပန်ဖောက်လုပ်ထားခဲ့သည့် သေမင်းတမန် ရထားလမ်းမှာ သမိုင်းဝင် နေရာတစ် ခုဖြစ်သော်လည်း မြန်မာဘက်မှရထားလမ်းမှာ ပျက်စီးယိုယွင်းနေပြီး အစမှ ပြန်လည် ဖောက်လုပ်ရမည့် အနေအထား ရှိနေကြောင်း၊ ထို့အတွက် ငွေကုန်ကြေးကျလည်း အလွန်များ မည်ဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးအတွက် ဆိုပါ က ရထားလမ်းထက် ကားလမ်း ကသာ ပို၍သင့် တော်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
”မြန်မာဘက်မှာက ဖြစ်စဉ်ဖြစ်ခဲ့တဲ့ သမိုင်း ကြောင်းရှိတယ်။ ဒါပေမဲ့ အထင်အရှားက သံဖြူ ဇရပ်က စစ်သင်္ချိုင်းပဲ ကျန်တော့တယ်။ ခရီးသွား ဧည့် သည်တွေအတွက်ဆိုလည်း ချိတ်ဆက်ဖို့ ထိုင်းဘက်နဲ့ လက်ဝါးနှစ်ဖက်ရိုက်ဖို့ လိုသေး တယ်။ ဘာကြောင့်လဲဆိုရင် ထိုင်းဘက်က ကွင်းရှောင် လမ်း လုပ်တာကြာ လှပြီ။ ဒါတွေပေါ် အားလုံး မူတည်နေတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
၂ဝ၁၂ ခုနှစ် မေလအတွင်းက ကရင်အမျိုး သားအစည်းအရုံး KNU ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ဝန်ကြီး ဦးအောင်မင်းက သေမင်းတမန်ရထား လမ်း ပြန်ဖောက်ဖို့ရှိကြောင်း ထည့်သွင်းပြောဆို ခဲ့ပြီး အစိုးရ ဘက်က လေ့လာမှု ပြုလုပ်ခဲ့သည်။
သို့သော် ငွေကြေးသန်းပေါင်းများစွာ ကုန် ကျမည့်အပြင် ထိုစဉ်က ငြိမ်းချမ်းရေးအပြည့်အဝ မရသေးသော အခြေအနေ များအရ ရထားလမ်း က မဖြစ်နိုင်သေးကြောင်း KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ ချက်ချင်းဝင်၍ မှတ်ချက်ပြု ခဲ့ဖူးသည်။
ဒုတိယကမ္ဘာစစ်ပြီးသည့်အခါထိုင်းဘက်မှ သေမင်းတမန်ရထားလမ်းသံလမ်းကိုပေါင်တစ်သန်းကျော်ဖြင့် ရောင်းချခဲ့ပြီး မြန်မာဘက်က လမ်းကို မူ ပေါင် ၁၆ သန်းကျော်ဖြင့်ရောင်းကာ ရရှိငွေများကို အသက် မသေကျန်ရှိနေသော ဗြိတိ သျှစစ်သုံ့ ပန်း ချွေးတပ် သားများအားခွဲဝေပေးခဲ့သည်။
၁၉၄၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ စွဲနှင့် ထုတ်ပြန်သောလန်ဒန် ဗြိတိသျှနိုင်ငံခြား ရေးရုံး ၏ ကြေ ညာချက်တွင် မြန်မာနိုင်ငံမှ ချွေး တပ်သားေ ပါင်း ရှစ်သောင်းကျော် ရထားလမ်း ဖောက်လုပ်ရာ ၌ သေ ဆုံးခဲ့သည် ဟုခန့်မှန်းထားပြီး စစ်သင်္ချိုင်းကော်မရှင်ကလည်း သုံးသောင်းမှ ရှစ် သောင်း အထိ သေလိမ့် မည်ဟု ခန့်မှန်းထားသည်။
မင်းသုအောင်
Popular Myanmar News Journal

No comments:
Post a Comment