address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 18, 2013

ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ တိုးတက်ကြောင်း ဥရောပသမဂ္ဂထောက်ခံ

18.12.2013

ဥရောပသမဂ္ဂမှ ယမန်နေ့ကထုတ်ပြန်လိုက်သော သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် မြန်မာနိုင်ငံ အတွင်း၌ဖော်ဆောင်လျက်ရှိသော အမျိုးသားစည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်များနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များ၏ တိုးတက် မှုကို ကြိုဆိုကြောင်း ဖော်ပြ ထားသည်။


ဥရောပသမဂ္ဂနိုင်ငံခြားဆက်ဆံရေးကောင်စီမှ တာဝန်ရှိသူများ သည် မြန်မာအစိုးရဖော်ဆောင်လျက်ရှိသော အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့်စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်ပေါ်လာစေရန် ဖော်ဆောင် လျက်ရှိသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်တွင် တိုးတက်မှုများအ တွက် ကြို ဆိုကြောင်း သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ သတင်းထုတ်ပြန်ချက် တွင် တိုးတက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရလဒ် ကောင်းများ ထပ်မံပေါ်ထွက်လာစေရန် ကြိုးစားစေလိုကြောင်း၊ လူ့ အခွင့်အရေးကို ဦးစားပေး
သည့် သဘောတူညီမှုမျိုးရရှိစေရန် ဖော် ဆောင်စေလိုကြောင်း၊ လုပ်ငန်းစဉ်များအတွက် ဥရောပသမဂ္ဂမှ အကူ အညီများထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးဖြစ်ပေါ် ရန် ဆောင် ရွက်စေလိုကြောင်း ဖော်ပြထားသည်။

The Union Daily

No comments:

Post a Comment