address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Tuesday, December 17, 2013
မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့တွင် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပေါက်ဈေး ကျပ်ငါးသိန်းအထက် ဖြစ်နေသောကြောင့် မြန်မာ အလုပ်သမားများ တရားမ၀င်လမ်းကြောင်းမှ သွားရောက်မှုများပြားနေပြီး လုပ်ငန်းရှင်များနှင့် ထိုင်းရဲတို့၏ အနိုင်ကျင့်မှုကို ကြုံတွေ့နေရ
17.12.2013
ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ်တစ်အုပ်အတွက် စုစုပေါင်းကုန်ကျငွေ ကျပ်တစ်သိန်းခန့်သာ ရှိသော်လည်း ထိုင်း-မြန်မာနယ်စပ် မြ၀တီတွင် ပတ်စ်ပို့နှင့် Work Permit အပါအ၀င် ငါးသိန်းကျော် ခြောက်သိန်းခန့် ရှိနေသောကြောင့် အလုပ်သမားအများစုမှာ တရားမ၀င်အလုပ်သမားသာ ဖြစ်နေသည့်အတွက် အလုပ်ရှင်များနှင့် ထိုင်းရဲတို့၏ အနိုင်ကျင့်မှုကို ခံနေရကြောင်း သတင်းရရှိသည်။
"ဟိုဘက်ကမ်းမှာ သူတို့သွားပြီးအလုပ်လုပ်ချင်ကြတယ်။ ဒါပေမဲ့ ပတ်စ်ပို့နဲ့ Work Permit အခက်အခဲရှိတယ်။ ဒါကြောင့် သွားတဲ့သူအများစုကလည်း တရားမ၀င်လမ်းကြောင်းကပဲ သွားကြတယ်ဆိုတော့ ဟိုရောက်တော့ အခက်အခဲတွေ အများကြီးရှိတာ။ စက်ရုံအပြင်ကို မထွက်ရဲတာ။ ဒါကြောင့် အလုပ်သမားတွေက စက်ရုံပိုင်ရှင်ပေးသလောက်နဲ့ ကျေနပ်ကြရ တယ်။ မကျေနပ်လို့လည်း မရဘူး။ သူတို့က တရားမ၀င်ဖြစ်နေတာကို ရဲခေါ်ပြီး ဖမ်းခိုင်းလို့ ရတယ်" ဟု မြ၀တီဒေသခံ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား လေးသန်းနီးပါးရှိသော်လည်း ကိုးသိန်းခန့်သာ တရားဝင်စာအုပ် ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရသည်။
"ဒီကိစ္စစပြီးဖြစ်တာ ၂၀၀၄ ခုနှစ်ပေါ့။ ထိုင်းမှာက မြန်မာရယ်၊ ကမ္ဘောဒီးယားရယ်၊ လာအိုရယ်က ရွှေ့ပြောင်းအဖြစ် လာရောက် လုပ်ကိုင်တဲ့ သူတွေရှိတယ်။ အဲဒီအထဲမှာ ၉၅ ရာခိုင်နှုန်းလောက်က မြန်မာအလုပ်သမားတွေပေါ့။ ထိုင်းတစ်နိုင်ငံလုံးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားသုံးသန်းကျော်ရှိတယ်။ အခုဆိုရင် လေးသန်းလောက်ရှိပြီလို့ ခန့်မှန်းကြတာပေါ့။ မဲဆောက်မှာတင် နှစ်သိန်းခွဲသုံးသိန်းရှိတယ်။ အဲဒီတုန်းကတည်းက ထိုင်းနိုင်ငံက သူတို့ဆီ ကို ရွှေ့ပြောင်းဝင်ရောက်လာတဲ့ နိုင်ငံတွေက အစိုးရတွေနဲ့ နားလည်မှုစာချွန်လွှာမျိုး သူတို့လုပ်တယ်။ လုပ်တဲ့အခါမှာ အဲဒီအချိန်က မြန်မာအစိုးရက သဘောမတူဘူး။ ငါတို့ဆီက တရားမ၀င်ထွက်သွားတာဆိုတော့ တရားဝင်ပုံစံမျိုးဖြစ်အောင် ငါတို့လုပ်မပေးနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာ လာအိုရယ်၊ ကမ္ဘောဒီးယားရယ်ကျတော့ အစိုးရတွေက သဘာတူပြီးတော့ သူတို့ကိုပတ်စပို့တွေ ထုတ်ပေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဘာပတ်စ်ပို့မှ မရဘူး။ မရတော့ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်နဲ့ Work Permit ကို တစ်ခါတည်းလျှောက်ပြီးတော့ သူတို့တစ်နိုင်ငံတည်းက အတည်ပြုတဲ့ သဘောမျိုးနဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ ထုတ်ပေးတာမျိုးရှိတယ်။အဲဒီကနေ ၂၀၀၉ လောက်မှာမှ အစိုးရပိုင်းရဲ့ ပေါ်လစီအပြောင်း အလဲ ဖြစ်လာပြီးတော့ MoU ကို လိုက်နာမယ်ဆိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့တယ်။ အဲဒီအချိန်မှာ တရား ၀င်ကုန်ကျမယ့် ပတ်စ်ပို့စာအုပ်တစ်အုပ်ရဲ့ ကုန်ကျစရိတ်က မြန်မာဘက်ခြမ်းမှာ ပတ်စ်ပို့စာအုပ်တစ်အုပ် ထွက်ဖို့အတွက် ကျပ် ၃၀၀၀ ပဲကျမယ်။ ထိုင်းဘက်ခြမ်းက ဗီဇာအတွက်က ဘတ် ၅၀၀ ပဲကျမယ်။ စုစုပေါင်းမှ ဘတ် ၆၀၀ ပဲထွက်မယ်။ ပတ်စ်ပို့စာအုပ်တစ်အုပ်ထွက်ဖို့။ နောက် Work Permit အတွက်က နှစ်နှစ်စာကို သွေးစစ်ခ ၆၀၀ နဲ့ ကျန်းမာရေး အာမခံက ၁၃၀၀၊ နောက်အလုပ်လုပ်ခွင့်လက်မှတ် နှစ်နှစ်စာက ၁၉၀၀ ဆိုတော့ ၃၈၀၀၊ နောက် ပတ်စ်ပို့စာအုပ်အတွက်က ၆၀၀ ရယ်ဆိုတော့ ၄၄၀၀ ပဲကျမယ်။ ဒါပေမဲ့ အဲဒီလောက်ပဲကျတယ်ဆိုပေမယ့် အလုပ်သမားတွေက ကိုယ်တိုင်သွားပြီးတော့ လုပ်လို့မရဘူး။ သူကအေးဂျင့်တွေ ပြန်ခံလိုက်တယ်။ မြန်မာအစိုးရဘက်ကနေပြီးတော့ ပတ်စပို့လုပ်တဲ့ ကုမ္ပဏီပေါ့။ ကုမ္ပဏီတွေကနေပြီး သူတို့လုပ်ပေးရတဲ့အတွက်ဆိုပြီး ပိုက်ဆံတွေတောင်းတယ်။ တချို့ဆိုရင် ဘတ်တစ်သောင်း အ ထိ တောင်း တယ်။ မြန်မာငွေသုံးသိန်းကျော်ပေါ့။ တချို့ဆိုရင် ပတ်စ်ပို့မရခင်စပ်ကြား သူတို့ဆီမှာနေပေါ့။ အဲဒီတော့ ကျပ်ငါးသိန်း ခြောက်သိန်းဆိုပြီး တောင်းလာကြတယ်။ အဲဒီလို တောင်းပြီးတော့လည်း လက်ထဲကို ပတ်စ်ပို့စာအုပ်မရောက် တာတွေ ရှိတယ်" ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ရောင်ခြည်ဦးမှ တာဝန်ရှိသူ ကိုမျိုးဇော်က ဆိုသည်။
"လောလောဆယ်မှာတော့ ထိုင်းမှာရှိတဲ့ တစ်သန်းလောက်က ပတ်စ်ပို့လုပ်တဲ့ process ထဲမှာရောက်နေပြီ။ အခု လက် ၀ယ်ရှိတာကတော့ ကိုးသိန်းလောက်ပဲ ရှိသေးတယ်။ အခုဒီမှာဖြစ်နေတဲ့ ပြဿနာက တရားမ၀င်ပြဿနာရှိသလို နောက်တစ် ခုက ၂၀၀၉ ကတည်းက စလုပ်တာဆိုတော့ အခု ၂၀၁၃ ဆိုတော့ လေးနှစ်ရှိပြီပေါ့။ ပထမစလုပ်လုပ်ချင်း ပတ်စ်ပို့က လေးနှစ် သက်တမ်းပဲရှိတယ်။ အခုသက်တမ်းကုန်နေပြီ။ သက်တမ်းကုန်တဲ့ ပတ်စ်ပို့တွေကို သက်တမ်းပြန်တိုးဖို့က အခုအချိန်အထိ ဘယ်လိုတိုးရမလဲဆိုတဲ့ဟာ သေချာမကျလာသေးဘူး။ အဲဒါတွေနဲ့ပတ်သက်ပြီး ပတ်စ်ပို့လုပ်ပေးတဲ့ ပွဲစားတွေကိုယ် တိုင် သေချာမသိဘူး။ ပတ်စ်ပို့သက်တမ်း တိုးမယ်ဆိုပြီး ဘန်ကောက်ကနေခေါ်လာတယ်။ မြ၀တီမှာ မတိုးပေးသေးဘဲ နဲ့ သုံးလလောက်ရှိပြီ။ သောင်တင်နေတဲ့ အလုပ်သမားတွေလည်း အများကြီးပဲ။ ဒါကြောင့် ပထမဦးဆုံးလေးနှစ်သက်တမ်း စာအုပ်တွေ ကုန်နေပြီ။ဒါပြီးမှနောက် ခြောက်နှစ်သက်တမ်းရှိတဲ့ စာအုပ်ဆိုပြီးထပ်ထွက်လာတယ်။ဗီဇာကတော့ နှစ်နှ စ် တစ်ကြိမ် ပြန်ထုတ်ရပါတယ်" ဟု ကိုမျိုးဇော်က ဆိုသည်။
ထိုင်းလုပ်ငန်းရှင်များအသင်းမှရသည့် အချက်အလက်တွေအရ မဲဆောက်မြို့ တွင် စက်ရုံပေါင်း ၄၃၀ ကျော်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment