address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 17, 2013

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်

17.12.2013

ဒီဇင်ဘာ ၁၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားများနေ့၌ ထိုင်းနိုင်ငံ မဟာချိုင် ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများက လမ်းလျှောက် ဆန္ဒဖော်ထုတ်ဖော်ကာ လုပ်သားအခွင့်အ ရေး များ တောင်းဆို သွားမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (Migrant Worker Rights Network-MWRN)မှ ဒါရိုက်တာဦးစိန်ဌေးက ပြောသည်။

ထိုင်းကအဖွဲ့တွေနဲ့ ကျွန်တော်တို့ MWRN က ဦးဆောင်ပြီးတော့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၀၀ လောက် ပါမယ်လို့ ခန့်မှန်းထားတယ်။ ကျွန်တော်တို့ ရုံးရှိတဲ့နေရာကနေ မဟာချိုင်ဒေသက ထွေအုပ်ရုံး ပေါ့ ရှိတဲ့နေရာရှေ့မှာ သွားပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ရသင့်တဲ့ အခွင့်အရေးကို တောင်းဆို မယ်။ စာတင်မယ်ပေါ့။ အချက်ငါးချက် ပါဝင်မယ်။ သူတို့ဆီမှာ ပုဒ်မ(၁၈) မရှိဘူး။ ဒါပေမဲ့ ထွေအုပ်ရုံးကို တော့ ငါတို့ စာလာတင်မယ်”ဟု ၎င်းက ဒီဇင်ဘာ ၁၆ ရက်တွင် မီဒီယာများသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းမှ လေးသန်းဝန်းကျင်ရှိပြီး တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် ၂၀၀၉ ခုနှစ်မှစတင်ကာ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ ရာ စုစုပေါင်း ၇၈၀,၀၀၀ ကျော်ရှိခဲ့ပြီး One Stop Services Centre ၁၁ ခုတွင်လည်း စာရင်းသွင်းမှတ်ပုံ တင်ထားသည့်ဦးရေမှာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၃ ရက်အထိ ၁,၆၈၀,၅၅၆ ဦးအထိ ရှိခဲ့ပြီးဖြစ်ကြောင်း အ လုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

ထိုင်းရောက်မြန်မာလုပ်သားအများစုတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်ကြောင်း MWRN အဖွဲ့ဝင်များက မီဒီယာများသို့ သုံးသပ်ပြောကြားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment