17.12.2013
တိုင်းရင်း သားအခွင့်အရေးများ ကို ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နည်းပါးနေ သရွေ့ ပြည်တွင်းငြိမ်းချမ်းရေးရ ရှိရေးမှာ အလှမ်းဝေးနေမည်ဖြစ် ကြောင်း DKBA အဖွဲ့ ဗျူဟာ မှူး ဦးစောစန်းအောင်က ပြော ဆိုသည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် တိုင်းရင်းသားအခွင့် အရေးများ နည်းပါးသည်ဟုဆို ကာ လက်နက်စွဲကိုင်ခဲ့ရာ လာမည့် ၂၀၁၅ကာလတွင်လည်း တိုင်းရင်း သားအခွင့်အရေးများ နည်းပါး ပါက စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ကြောင်း ယင်း က ပြောသည်။

DKBA အဖွဲ့ ဗျူဟာမှူး ဦးစောစန်းအောင်က ''အစိုးရက စေတနာရှိရှိနဲ့ လုပ်ပေးမယ်ဆို ရင် ငြိမ်းချမ်းရေးက မနက်ဖြန် တောင်ရနိုင်တယ်။ အခုတိုင်းရင်း သားတွေရဲ့အခွင့်အရေးတွေ နည်း ပါးနေသလို ၂၀၀၈ဖွဲ့စည်းပုံအ ခြေခံဥပဒေက လဲ လိုအပ် ချက် တွေ အများကြီးကို သူတို့တွေက အသစ်ရေးဆွဲမလား၊ ပြန်ပြင်မ လားဆိုတာ ကျွန်တော်တို့တိုင်း ရင်းသားအဖွဲ့တွေကို သေချာတဲ့ အဖြေတွေ ဘာမှမပေးသေးဘူး'' ဟု ဆိုသည်။
''ဒီမိုကရေစီဆိုတာ မူလ ကတည်းက စည်းကမ်းရှိနေပြီး သား စည်းကမ်းပြည့်ဝတဲ့စကား က ထည့်စရာမလိုသလို၊ အခုရေး ဆွဲထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေကလဲ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်စနစ်ကို ကိုယ်စားပြု နိုင်မယ် မထင်ဘူး။ ဒါကိုဖျက်သိမ်းလိုက်တာနဲ့ ပြည် တွင်းငြိမ်းချမ်းရေးက ၇၅ ရာခိုင် နှုန်းအထိ တိုးတက်သွားနိုင်မယ်'' ဟု ယင်းက ထပ်မံပြောသည်။ လက်ရှိအစိုးရမှ ဦးဆောင် ပြောဆိုနေသည့် PR စနစ်နှင့် ၁၄ ပြည်နယ်စနစ်မှာ တိုင်းရင်း သား များလိုလားနေသော ဖက် ဒရယ်စနစ်အား ရှောင်ရှားခြင်း သာဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်းများထံမှ သိရသည်။
ရှမ်းလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး ခွန်စိန်ရွှေက''ဒီမိုကရေစီက မြန် မာနိုင်ငံမှာ အောင်မြင်နေပြီလား ဆိုတာက ဖြေရခက်တဲ့မေးခွန်း ပါ။ ဘာလို့လဲဆိုတော့ လူထုက ဒီမိုကရေစီဆိုတာဘာမှန်းကို မသိတာ၊ ဒီမိုကရေစီ ကိုနားမလည် တဲ့အချိန်မှာ ၁၄ ပြည်နယ်စနစ် တို့ PR စနစ်တွေကို အကောင်အ ထည်ဖော်ဖို့ပြောဆိုနေတာတွေ က ပြည်ထောင်စုစနစ်ကို ဖယ် ရှားနေတာပဲ''ဟု ဆိုသည်။
တိုင်းရင်းသားအားလုံးလို လားသည့် ဖက်ဒရယ်စနစ်အား အမှန်တကယ် အကောင်အထည် ဖော်ဆောင်ပေးမည့် အခြေခံ ဥပဒေတစ်ခုလိုအပ်မည်ဖြစ်ပြီး လက်ရှိ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေပိုင်းတွင် လွှတ်တော် အတွင်းပြင်ဆင်ရန် အားနည်း ချက်များရှိနေဆဲဖြစ်ရာ ယင်းအား ပြင်ဆင်ခြင်းထက် အသစ်ပြန် လည်ရေးဆွဲခြင်းသည်သာ ဖက် ဒရယ်စနစ်နှင့် ပြည်တွင်းငြိမ်းချမ်း ရေးအား အထောက်ကူပြုနိုင်မည် ဟု ယင်းကထပ်မံပြောသည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေရေးဆွဲရေးတွင် တိုင်းရင်း သား ၁၃ပါတီကိုယ်စားလှယ်များ ပါဝင်သည်ဟုဆိုသော်လည်း ယင်း ပါတီကိုယ်စားလှယ်များ၏ တင်ပြ ချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပ ဒေတွင် ပါဝင်မှုနည်းပါးသည့်အ ပြင် နောက်ဆုံး အတည်ပြုချက်ရ ယူရာတွင်လည်း တိုင်းရင်းသားပါ တီများပါဝင်ခြင်းမရှိကြောင်း တိုင်း ရင်းသားပါတီများက ဆိုသည်။
Yangon Media Group
No comments:
Post a Comment