address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Thursday, December 12, 2013
အကြမ်းဖက်ဖြိုခွင်းခံရသည့် ဦးသန့်အရေးအခင်း ၃၉ နှစ်ပြည့် အခမ်းအနားကျင်းပ
12.12.2013
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးတည်းသော မြန်မာနိုင် ငံသား ဦးသန့်၏ဈာပနကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက သာမန်စီစဉ်ခဲ့သည့်အတွက် လွန်ခဲ့ သော ၃၉ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် အရေးအခင်း နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံအနီးရှိ ဦးသန့်ဂူဗိမာန်၌ ကျင်းပခဲ့သည်။
“ဦးသန့်ဗိမာန်ကို ဒီနှစ်လည်း သော့ပိတ်ထားတယ်။ ဒီနေ့လိုရက်မျိုးကျတော့ ဖွင့်ကို ဖွင့်ထားရမယ်။ ကျွန် တော်က အတင်းအဓမ္မ ဖွင့်ခိုင်းလို့လဲ မရဘူး”ဟု ၁၉၇၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဦးသန့်အရေးအခင်း အပြီး ထောင်ဒဏ်ရှစ်နှစ်ကျခံခဲ့ရသူ ဈာပနဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် ဦးဇော်ငြိမ်းလတ်က ပြော သည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့ သူဖြစ်သည်။ သူ၏ရုပ်အလောင်းကို မြန်မာနိုင်ငံ၌ ဂူသွင်းသင်္ဂြိုဟ်ရန် စီစဉ်ကြရာ အာဏာပိုင်များ၏ လုပ် ဆောင်မှုများအပေါ် ရဟန်းရှင်လူပြည်သူများ၊ကျောင်းသ
ားများက မကျေနပ်ရာမှ အရေးအခင်းပေါ်ပေါက် လာခြင်းဖြစ်သည်။ အာဏာပိုင်များက ဦးသန့်၏ ဈာပနကို ကြံတောသုသာန်၌သာ သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ရုံ သာမက လိုက်ပါပို့ဆောင်ခွင့်ကိုပါ တားမြစ် ကန့်သတ်ခဲ့သည်။
ယင်းကြောင့် မခံမရပ်နိုင်သည့် ရဟန်းရှင်လူပြည်သူများ၊ တက္ကသိုလ်ကျောင်းသားများက ဦးသန့်ရုပ်ခန္ဓာ ကို ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းသို
့ သယ်ဆောင်၍ ထိုက်တန်သည့်အခမ်းအနားဖြင့် သင်္ဂြိုဟ်ဂုဏ် ပြုရန် စီစဉ်ခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဦးသန့်အလောင်းကို ထားရှိခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် အာဏာ ပိုင်များ ဗုံးခွဲဖျက်ဆီးခဲ့သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းနေရာတွင် ငြိမ်းချမ်းရေးဂူဗိမာန် တည်ဆောက် သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ကြသည်။ ထိုသို့စီစဉ်နေစဉ် ဒီဇင်ဘာ ၁၁ ရက်အရောက် နံနက်လင်း အားကြီး နှစ်နာရီအချိန်ခန့်တွင် အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့ကြခြင်း ဖြစ်သည်။
“ဦးဆောင်လှုပ်ရှားခဲ့တဲ့ ၄၆ ယောက်အပါအ၀င်၊ သံဃာတွေ၊ ကျောင်းသားတွေ အများအပြား အရေးယူ ခံခဲ့ရတယ်။ အသက်တွေ ဆုံးရှုံးခဲ့ရတယ်”ဟု ကိုယ်တိုင် ဖမ်းဆီးခြင်းခံခဲ့ရသူ ဦးဇော်ငြိမ်းလတ်က ပြော သည်။ ၃၉ နှစ်ပြည့် ဦးသန့်အရေးအခင်း နှစ်ပတ်လည် အခမ်းအနားတွင် ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ယင်းတွင် အလုပ်သမားများဘ၀ သာယာတိုးတက်ရေး၊ မတရားသိမ်းထားသည့် လယ်ယာမြေများအမြန် ပြန်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မဲ့ လွှတ်ပေးရေး၊ မတရားသင်းဥပဒေနှင့် မတရားသော ဥပဒေများ ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်လိုရာ ကွက်မပြင်ရန်၊ ထာဝရငြိမ်းချမ်း ရေးအတွက် အဟန့်အတားများ ဖယ်ရှားရန်တို့ ပါဝင်သည်။
Mizzima - News in Burmese
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment