address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 18, 2013

ဗကသ အမှုဆောင်များ မဲဖြင့် ပြန်ရွေးမည်

18.12.2013

တစ်နိုင်ငံလုံးရှိ ကျောင်းသား အဖွဲ့အစည်းများ အားလုံး တက်ရောက်မည့် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ် ညီလာခံတွင် ဗဟိုအလုပ် အမှုဆောင်များကို မဲစနစ်ဖြင့် ရွေးချယ် သွား မည် ဖြစ်ကြောင်း ကော်မတီဝင် ဦးအောင်မိုင်ဆန်းက ပြောကြားသည်။


အဆိုပါ ဗကသ ညီလာခံကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်ပြီး ဗဟို အလုပ်အမှုဆောင်များ အားလုံးကို မဲပေးစနစ်ဖြင့် ပြန်လည် ရွေးချယ်မည် ဖြစ်ကြောင်း ၎င်းကဆို သည်။
“ဗကသကို ပိုမို ကျယ်ပြန့်တဲ့ အဖွဲ့အစည်း ဖြစ်လာအောင် ကျောင်းသားတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ လူမှု အဖွဲ့အစည်းအဖြစ် ပြန်လည် ဖွဲ့စည်းသွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ညီလာခံအတွင်း တက်ရောက်လာသော ကျောင်းသားများအားလုံး အခွင့်အရေးများ၊ ဆွေးနွေး ချက်များကို တင်ပြ ဆွေးနွေးကြမည် ဖြစ်ပြီး မူဝါဒ လုပ်ငန်းစဉ် အသစ်များကို ချမှတ်သွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်ထံမှ သိရသည်။

ညီလာခံကို ၁၉၈၈ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် နှစ်ကြိမ်တိုင် ကျင်းပခဲ့သော်လည်း ကျောင်းသား အဖွဲ့အစည်း အားလုံး ပါဝင်သော ညီလာခံ အဖြစ်သို့ ရောက်ရှိခဲ့ခြင်း မရှိပေ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို၁၉၅၁ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်း ခဲ့ပြီး ကျောင်းသားများအာလုံး ပါဝင်သော နောက်ဆုံး ညီလာခံကို ၁၉၆၂ ခုနှစ်တွင် ကျင်းပခဲ့ပြီး ဗကသ ဗဟိုအလုပ်အမှုဆောင် များကို ရွေးချယ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment