၂၀၁၄ ခုနှစ် ဇန်န၀ါရီ(၄)ရက်နေ့သည် မြန်မာနိုင်ငံ၏ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် (၆၆)နှစ်မြောက် ကချင်ပြည်နယ်နေ့
ကျရောက်တော့မည်ဖြစ်သည်။၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် (၆၆)နှစ်မြောက် ကချင်ပြည်နယ်နေ့
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရ၍ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ် သတ်မှတ် ဖြစ်ပေါ်သည်။
၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၆ ကို -
''မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင် တစ်ခုအဖြစ် ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှနောင်အဖို့ ကချင်ပြည်နယ်ဟု ခေါ်တွင်မည်'' ဟူ၍ ပြဌာန်းသည်။
၁၉၄၇ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ဗန်မော်ခရိုင်မြေပြန့်ဒေသမှ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ရဲ့ ဆန္ဒသဘောထားကို အဖွဲ့ဥက္ကဋ္ဌထံ ပေးအပ်။
(၄င်းမှာ - ဗန်မော်ရှိ လူထုနဲ့ကျေးရွာ၂၂ ရွာကိုပေါင်းပြီး အစည်းဝေတရပ် ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးမှာ ဖွဲ့စည်းတည်ဆောက်မည့် ကချင်ပြည်နယ်သစ်ထဲသို့ ဗန်းမော်နှင့် မြစ်ကြီးနားခရိုင် မြေပြန့်ဒေသထည့်သွင်းဖို့အတွက်
ဗြိတိသျှအာဏာပိုင်တို့ရဲ့ လျှို့ဝှက်ဆောင်ရွက်ချက်ကို ရှုတ်ချတယ်လို့ ဆုံးဖြတ်ကြောင်း၊ ကချင်ပြည်နယ်သစ်ဖွဲ့စည်းပေးဖို့ မြေပြန့်ဒေသများကို ဖဲ့ပေးရမယ်ဆိုတဲ့ အဆိုပြုချက်မှန်သမျှကို မိမိတို့ လက်ခံမည် မဟုတ်ကြောင်း၊ သဘောတူနိုင်မည် မဟုတ်ကြောင်း ထွက်ဆို။)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည်။
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုသည်။
(ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည်ဟု အပါအ၀င်)
ဗိုလ်ချုပ်အောင်ဆန်းသည် ဒေသ(၂)ဟာ ကချင်လူမျိုးတွေရဲ့ ဒေသမဟုတ်၊ တိုင်းလျှန်တို့ရဲ့ ဒေသသာဖြစ်တဲ့အတွက်ကြောင့် သဘောလုံးဝမတူဘဲ ရန်ကုန်သို့ ပြန်ရန်ပင် စီစဉ်ခဲ့ဖူး။
ဧရာဝတီမြစ်ဖျားဆီက
No comments:
Post a Comment