18.1.2014
၁၈၊၁၊၂၀၁၄ ရက်နေ့နံနက်တွင် နေပြည်တော်နေအိမ်မှ ကားဖြင့်ထွက်ခွါပြီး ကျိုက်ထိုမြို့တွင် နေ့လည်စာ စားသုံးကာ ညနေ ၄:၃၀ နာရီတွင် ကရင်ပြည်နယ် ဖားအံမြို့ အောင်သံလွင်ဘောလုံးကွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားကာ ယင်းနေ့တွင် ဖားအံမြို့တွင် ညအိပ်ရပ်နားမည်ဟုသိရသည်။
ထို့နောက် ၁၉၊၁၊၂၀၁၄ ရက်နေ့ နံနက်တွင် ဖားအံမြို့မှ လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲ ကျင်းပ၍ ဟောပြောပွဲပြီးဆုံးလျှင် ဖားအံမြို့သို့ ပြန်လည်ထွက်ခွါမည်ဖြစ်ပြီး ယင်းမှတဆင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွါမည် ဟုသိရသည်။
ခွန် ဒီးယမ်
No comments:
Post a Comment