address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 22, 2014

အပစ်ရပ်စာချုပ် ကိစ္စတွင် အစိုးရ၏ သဘောထားအတိုင်း RCSS/SSA ဆောင်ရွက်မည်



22.1.2014

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေး
ထိုးရေး ကိစ္စရပ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)က အစိုးရ၏ သဘောထားအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု တိုင်းရင်းသား လက်နက်ကိုင်များ၏ လော်ခီးလာ ညီလာခံသို့ တက်ရောက်လာသည့် RCSS အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းလှက ဇန်နဝါရီ ၂ဝ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာညီလာခံမှ ထွက်ပေါ်လာသော လိုင်ဇာဘုံ
သဘော တူညီချက် ၁၁ ချက်ကို RCSS အဖွဲ့က လက်မှတ်ရေးထိုးခြင်း မရှိခဲ့သဖြင့် မည်သည့်အချိန်၌ လက်မှတ်ရေးထိုးရန် ပြင်ဆင်ထားသနည်းဟု The Daily Eleven က မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးစိုင်းလှက ယင်းကဲ့သို့
ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လိုင်ဇာ ဘုံသဘောတူညီချက်ကို မူအားဖြင့် သဘောတူပါတယ်။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန် ပိုင်းကတော့ ကျွန်တော်တို့ သဘောနဲ့ကွဲပါတယ်”ဟု ဗိုလ်မှူးကြီးစိုင်းလှက ဆိုသည်။

ကျွန်တော်တို့ရဲ့ သဘောထား ရပ်တည်ချက်ကတော့ အပစ်အခတ် ရပ်စဲရေးကို အရင်ဖော်ဆောင်ပြီးတော့ မူဘောင်ကိစ္စတွေ၊ နိုင်ငံရေး
ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပပါပေါ့။ လိုင်ဇာသဘောတူညီချက် ကတော့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ပြီးမှ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုတဲ့ဟာပေါ့

လုပ်နည်းလုပ်ဟန်ပိုင်း ဆိုသည်မှာ အစိုးရဘက်က ချမှတ်ထားသည့် အပစ်အခတ် ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်ရန် အချက်ကို RCSS ဘက်က လက်ခံထားခြင်းဖြစ်သည်။ ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကမူ နိုင်ငံရေး ဆွေးနွေးပွဲမှတစ်ဆင့် ခိုင်မာသော သဘောတူညီချက်များ ရရှိမှ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေပါသည်။

“ကျွန်တော်တို့ရဲ့ သဘောထား ရပ်တည်ချက်ကတော့ အပစ်အခတ် ရပ်စဲရေးကို အရင်ဖော်ဆောင်ပြီးတော့ မူဘောင်ကိစ္စတွေ၊ နိုင်ငံရေး
ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပပါပေါ့။ လိုင်ဇာသဘောတူညီချက် ကတော့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ပြီးမှ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုတဲ့ဟာပေါ့”ဟု ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။

ထို့အပြင် RCSSအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က ရာထူးမှ အနားယူရန် စဉ်းစားနေသည့် ကိစ္စရပ်မှာ နောင်တက်လာမည့် ခေါင်းဆောင်
များကို လမ်းဖွင့်ပေးလိုခြင်း ဖြစ်ကြောင်း ၎င်းကပြောပါသည်။

“သူက နောင်တက်လာမယ့် ခေါင်းဆောင်တွေကို လမ်းဖွင့်ပေးမယ့်သဘော
ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်စီကို ဦးဆောင်နိုင်မယ့် သူ့လိုလူကို ရွေးချယ်လို့ မရသေးဘူး။ ခေါင်းဆောင်မှု ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေက များပါတယ်။ ဒါပေမဲ့ အခုလို အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့ကလည်း အရေးကြီးပြီးတော့၊ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလအတွင်းမှာ သူ့လိုခေါင်းဆောင်မျိုး ရှိသင့်ရှိထိုက်တယ်ဆိုတဲ့ အမြင်ရှိတယ်။ ကောင်စီက ခေါင်းဆောင် သစ် ရွေးချယ်လို့ မရဘူးဆိုရင်တော့ သူ့ကိုပဲပြန်ပြီး မေတ္တာရပ်ခံရမှာပေါ့”ဟု ဗိုလ်မှူးကြီး စိုင်းလှကThe Daily Eleven သို့ ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment