20.1.2014
ထိုညီလာခံတွင် တစ်နိုင်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က သဘောတူ ရေးဆွဲခဲ့ကြသည့် အပစ်ခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ကို အပြီးသတ် ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ဆွေးနွေးပွဲတွင် ပြောသည်။
ုဇန်နဝါရီ ၂၀ရက်တွင် ကျင်းပသော ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (NMSP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA)၊ လားဟူဒီမိုကရက်တစ် ယူနီယံ(LDU)၊ 'ဝ'အမျိုးသားအစည်းအရုံး (WNO)၊ မိုင်းလားအဖွဲ့(MNDAA)၊ ရခိုင်တပ်မတော်(AA)နှင့် ရခိုင်အမျိုးသားကောင်စီ(ANC) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ပထမအကြိမ် ညီလာခံတွင် တက်ရောက်ခြင်းမရှိသည့် "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် မိုင်းလားအဖွဲ့(MNDAA)တို့တွင် ယခုညီလာခံ၌မူ မိုင်းလားအဖွဲ့သာ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်းရာ ကျေင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)ကမူ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့သည်။
ဒုတိယအကြိမ် ညီလာခံအပြီးတွင် ကရင်ပြည်နယ် ဘားအံမြို့၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် တွေ့ဆုံရန် မူလက ရည်ရွယ်ထားသော်လည်း ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းထားသည်။
ပထမအကြိမ် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံကို ၂၀၁၃ခုနှစ် အောက်တိုဘာလ ၃၀မှ နိုဝင်ဘာလ ၁ရက်နေ့ထိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကို ဖွဲ့စည်းနိုင်ခဲ့သည်။
Photo Caption>> ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံကို တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက ကိုယ်စားလှယ်များ၊ လေ့လာသူများကို ဇန်နဝါရီ ၂၀ရက်က လော်ခီးလာစခန်းတွင် တွေ့ရစဉ်။
Mizzima

No comments:
Post a Comment