address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 7, 2014

ဒီကေဘီအေ စစ်ဦးစီးချုပ် ကျန်းမာရေးသက်သာ


လည်ချောင်းဝေဒနာကြောင့် စင်ကာပူနိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် ဝေသနာ သက်သာလာပြီလို့ သိပါတယ်။
ဗိုလ်ချုပ်စောလားဘွယ်ဟာ ဒီဇင်ဘာလ ၃၁ ရက်ကတည်းက ရန်ကုန်ကနေတဆင့် 

စင်ကာပူနိုင်ငံ Lanigan ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ။
ဗိုလ်ချုပ်စောလားဘွယ်ရဲ့ ရောဂါခြေအနေ သက်သာလာတယ်လို့ သိရကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။
“အရင်တုန်းက သူစကားလည်း မပြောနိုင်ဘူး။ သူ့လည်ပင်းမှာများ တခုခုဖြစ်မလားလို့ စိုးရိမ်တာ၊ အခု ကျနော်ကြားရသလောက်တော့ သူကျန်းမာရေး ကြီးကြီးမားမား မရှိပါဘူးတဲ့။ သူ့ရဲ့ အသံပြွန် လမ်းကြောင်းမှာ အနာလေးတခုတွေ့တယ်။ အဲဒီ အနာကလည်း ဘာမှ ကြောက်စရာ မရှိပါဘူး။ ဒါပေမယ့် အဲဒါရောင်တဲ့အတွက် စကားပြောလို့ မရတာလို့ ကြားရပါတယ်။”
ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ လည်ချောင်းဝေဒနာ ခံစားရ တဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ရန်ကုန် မြောက်ဒဂုံမှာရှိတဲ့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာပါ။
လူနာရှင်ရဲ့ဆန္ဒအရ စင်ကာပူမှာ ဆေးကုသလိုတဲ့အတွက် အစိုးရငြိမ်းချမ်ရေး ကိုယ်စားလှယ်အဖွဲ့ကနေပြီး နိုင်ငံကူးလက်မှတ်ရရှိရေး လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်စောလားဘွယ် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အစိုးရက ဖိအားပေးချိန်မှာ လက်မခံဘဲ အစိုးရကို ပြန်လည်တိုက်ခိုက်တဲ့ တပ်ဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
Ref:DVB

 

No comments:

Post a Comment