address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 13, 2014

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ် ၁၈ရက်တွင် စတင်မည်



13.1.2014

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ခရီးစဉ်ကို ဇန်နဝါရီလ ၁၈ရက်တွင် စတင်မည်ဟု NLDက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၁၈ ရက် နံနက်တွင် ရန်ကုန်မြို့မှ ကားဖြင့်ထွက်ခွာမည်ဖြစ်ပြီး ကျိုက်ထိုမြို့တွင် နေ့လည်စာ စားသုံးကာ ညနေ ၄ခွဲ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်ဘောလုံးကွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ထိုနေ့တွင် ဘားအံ၌ တစ်ညအိပ်ပြီးနောက် ၁၉ရက်နေ့ နံနက်တွင် လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက်တွင် ဘားအံမြို့မှ တစ်ဆင့် ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ခရီးစဉ်အပြီးတွင် ဇန်နဝါရီလ ၂၅နှင့် ၂၆ရက်များတွင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာ စည်းရုံးဟောပြောရေး ဆင်းမည်ဖြစ်သည်။

သူမက ယခုလအတွင်း ချင်းပြည်နယ်ကိုလည်း စည်းရုံးရေး ဆင်းခဲ့သေးသည်။

Mizzima 

No comments:

Post a Comment