address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 13, 2014

KIAတပ်ဖွဲ့ဝင်အချို့ချောင်းမြောင်းပစ်ခတ်မှုကြောင့်အစိုးရတပ်မတော်သားများဒဏ်ရာရသေဆုံးမှုများလည်းရှိ


13.1.2014

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲ၊ နန့်ယားကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တအခြေပြု ရပ်နားနေသော ရှေ့တန်းအမှတ်(၁၄၀) ခြေလျှင်တပ်ရင်းမှ ဗိုလ်မှူးသန်းဇော်ထက် ဦးစီးသော တပ်စိတ်(၁)စိတ်အား KIAတပ်ဖွဲ့ဝင် အချို့ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တပ်မတော်မှ ၉ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများရှိခဲ့ကြောင်း နန့်ယားကျေးရွာ ဒေသခံများထံမှ သိရသည်။

ဗိုလ်ကြီးဇင်မျိုးနိုင်၊ တပ်ကြပ်ကြီးအေးထွန်း၊ တပ်ကြပ်ကြီးဇော်ဦး၊ တပ်ကြပ်အောင်ကျော်စိန်၊ ဒုတပ်ကြပ်ကျော်မျိုးထွန်း တပ်ကြပ်မြတ်ကျော်၊ တပ်သားမြင့်ကျော်၊ တပ်သားမင်းအောင်နိုင်၊ တပ်သားရဲလင်းဦးတို့ လက်နက်ငယ်ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်။ KIAတပ်ဖွဲ့ဝင်၅ဦးမှ လာရောက်ချောင်းမြောင်းပစ်ခတ်နေစဉ် တပ်မတော်သားများမှလည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် KIAတပ်ဖွဲ့ဝင်များသည် ၎င်းတို့ လာရာလမ်းအတိုင်းပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ဇန်န၀ါရီ၁၁ရက်နံနက် ၃နာရီ၄၀ခန့်တွင် ဖြစ်ပွားခဲ့ပြီး ကျည်ဆံထိမှန်ဒ ဏ်ရာရခဲ့သော ၉ဦးအနက် တပ်မတော်သား(၄)ဦး ဗိုလ်ကြီးဇင်မျိုးနိုင်၊ တပ်ကြပ်ကြီးအေးထွန်း၊ တပ်ကြပ်မြတ်ကျော်နှင့် တပ်သားမြင့်ကျော်တို့ နံနက်ပိုင်းတွင်ကျဆုံးခဲ့ကြောင်း သိရသည်။

ကျည်ဆံထိမှန်ကျဆုံးမှုတွင် ကျန်ရစ်သောတပ်ဖွဲ့ဝင်၅ဦးတို့အား မြစ်ကြီးနားတပ်မတော်ဆေးရုံကြီးသို့ အရေးပေါ်ဆေးဝါးကုသခဲ့သော်လည်း ဒုတပ်ကြပ်ကျော်မျိုးထွန်း၊ တပ်သားမင်းအောင်နိုင်တို့ ၂ဦးမှာ နံနက်၇နာရီခန့်တွင် ထပ်မံကျဆုံးသွားခဲ့ကြောင်း နိုင်ငံရေးပါတီတစ်ခုမှ ပြောခဲ့သည်။

KIAတပ်ဖွဲ့ဝင်များ ဆုတ်ခွာသည့် လမ်းကြောင်းအတိုင်း ဗိုလ်မှူးသန်းဇော်ထက် ဦးစီးသောတပ်မတော်သားများက လိုက်လံရှင်းလင်းနေကြောင်း၊ ငြိမ်းချမ်းရေးမရမချင်း တိုင်းရင်းသား ညီအစ်ကိုများ ဆုံးရှုံးနေရဦးမည် ကို ၀မ်းနည်းနေကြရကြောင်း၊ ပြည်သူများ၏ အကျိုးကို ရှေ့ရှုကာ သတ်ဖြတ်မှုများ အဆုံးသတ်သင့်ပြီဖြစ်ကြောင်း၊ တည်ဆောက်ရေးဘက်တွင် အားလုံးလက်တွဲပြီး ပြည်ထောင်စုကြီးတိုးတက်ဖွံ့ဖြိုးအောင်သာ တည်ဆောက်သင့်ကြောင်း နန့်ယားကျေးရွာဒေသခံများမှ မြန်မာ့ခေတ်သို့ ပြောခဲ့သည်။

မြန်မာ့ခေတ်

No comments:

Post a Comment