address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 13, 2014

မြန်မာရွှေ့ပြောင်းအလုပ်သမားများထိုင်းဥပဒေ ပါအလုပ်သမားအခွင့်အရေးအပြည့်အဝမရသေး


13.1.2014

ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်း နိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံ ဥပဒေပါအလုပ်သမားအခွင့်အရေးများ အပြည့်အဝမခံစားရသေးကြောင်း ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ် သမားအရေးဆောင်ရွက်နေသူများ က ပြောသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံ သားများထက်လုပ်ခလစာ များစွာ လျော့နည်းနေပြီး ထိုင်းနိုင်ငံဥပဒေ ပါ ရသင့်ရထိုက်သောလုပ်အားခ နှင့် အချိန်ပိုကြေးများ အပြည့်အဝ မရရှိကြောင်း၊လုပ်ငန်းခွင်ထိခိုက်မှု များကို တာဝန်ယူမှုမရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး မြန်မာ အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် မြန်မာပြည်သား အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောသည်။

''ထိုင်းနိုင်ငံကိုရောက်ပြီးသား မြန်မာအလုပ်သမားပဲဖြစ်ဖြစ်၊ ထိုင်း နိုင်ငံထဲကိုဝင်လာမယ့် MoU အလုပ် သမားပဲဖြစ်ဖြစ် ထိုင်းဥပဒေမှာပါတဲ့ အလုပ်သမားအခွင့်အရေးတွေအပြည့် အဝမခံစားရသေးဘူး။ အားနည်း ချက်တွေ၊ ချို့ယွင်းချက်တွေအများ ကြီး ရှိသေးတယ်''ဟု ၄င်းက ပြောသည်။

ယခုအချိန်တွင် ထိုင်းနိုင်ငံအတွင်း ၌တရားမဝင်အလုပ်သမား များပြား လာပြီးအဆိုပါအလုပ်သမားများကို ဖမ်းဆီး၍ ငွေဒဏ်နှင့်ထောင်ဒဏ် နှစ်ရပ်လုံးအရေးယူခံရသော်လည်း တရားမဝင်စာရွက်စာတမ်း အတု လုပ်သူများနှင့် တရားမဝင်အလုပ် သမားများကို ခိုင်းစေသည့် အလုပ် ရှင်များကိုမူအရေးယူဆောင်ရွက်မှု မရှိခြင်းများကို ထိုင်း-မြန်မာအစိုး ရပူးပေါင်း၍တာဝန်ယူဖြေရှင်းပေးစေ လိုကြောင်း ၄င်းတို့ကဆိုသည်။
ထိုင်းနိုင်ငံအတွင်း၌ လက်ရှိ အချိန်တွင် မြန်မာရွှေ့ပြောင်းအလုပ် သမား သုံးသန်းခန့်ရှိနေပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နှင့် မဲဆောက် မြို့တို့တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ၆ဝဝဝဝခန့်ရှိနေ ကြောင်း ၄င်းတို့၏ပြောပြချက် အရ သိရသည်။

The Union Daily

No comments:

Post a Comment