address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 7, 2014

NLD ဥက္ကဋ္ဌ၏ ခရီးစဉ်ကို ချင်းပါတီအချို့ကြိုဆို

ရန်ကုန်၊ မဇ္ဈိမ။ ။ချင်းပြည်နယ်သို့ ဇန်န၀ါရီ ၇ရက်တွင် ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို ကြိုဆိုသည်ဟု ချင်းပါတီအချို့၏
တာဝန်ရှိသူများက ဇန်န၀ါရီ ၆ရက်တွင် မဇ္ဈိမကိုပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို လာရောက်တာ အကြိမ်ရေ နည်းနေသေးတယ်၊ များများ လာပါ၊ ကြိုဆိုပါတယ်၊ ချင်းလူထုနဲ့ များများ ထိတွေ့ပြီး စကားတွေ ပြောပေးပါ"ဟု ဆိုသည်။

ချင်းလူထုများ အနေဖြင့် နိုင်ငံရေးလမ်းကြောင်းတွင် လိုက်လျောညီထွေမှု ရှိစွာပါဝင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိတွေ့ ပြောဆိုမှုများအား လက်ခံကြိုဆိုပြီး ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်း ချင်းပြည်နယ်သို့ NLDလာရောက်မှုအား ကူညီမှုများ ပြုလုပ်ပေး သည်ဟု ပြောသည်။

ချင်းအမျိုးသားပါတီဥက္ကဌ ဦးကမ်ဂျင်ထန်း မှ “ချင်းပြည်နယ် လာရောက်တာကို ပူးပေါင်း လုပ်ဆောင်ပေးတာ မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်လာရောက်တာက ချင်းလူထု အတွက် ကောင်းပါတယ်၊ ဒီလို ထိတွေ့မှု ရှိတာက ကောင်းပါတယ်၊ လူထုတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ပါတီအနေနဲ့က ချင်းပြည်နယ်မှာ ၀င်ပြိုင်မှာမ ဟုတ်လို့ NLD အပေါ် စိုးရိမ်မှု မရှိပါဘူး”ဟု ပြောသည်။

ချင်းပါတီများ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ေ၇ာက်ယှဉ်ပြိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး များကို စောင့်ကြည့်ဦးမည်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်အတွင်း ဆောင်ရွက်မှုများ အပေါ် မည်သည့် သဘောထားမျှ ရှိနေမည်မဟုတ်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ ထို့ပြင် ထပ်တိုက်တွေ့ဆုံမှုရှိလာပါကလည်း ထောက်ခံမှုကိုသာပြုလုပ်မည်ဟု ဆိုသည်။

ဇန်န၀ါရီ ၆ရက်တွင် ကလေးမြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာဖြင့် ထောက်ခံခြင်းမျိုး ရရန် ဆောင်ရွက်မည်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုများဖြင့်သာ ထောက်ခံမှု ရယူသွားမည်ဟု တည်းခိုရာ ရှင်းဟုန်ဟိုတယ်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ပြောခဲ့သည်။ NLD ဥက္ကဋ္ဌသည် ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီ ၇ရက်မှ ၉ရက် အထိသွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့၊ ဖလမ်းမြို့တို့တွင် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲနှင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန်စီစဉ်ထားသည်။

နန်းလွင်နှင်းပွင့်
Mizzima - News in Burmese

No comments:

Post a Comment