address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 3, 2014

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ကျော် ရရှိထားပြီး မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံးဆောင်ရွက်ခဲ့



3.3.2014

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ကျော် ရရှိထားပြီး မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ တတိယပတ်အထိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၃၄ ဒသမ ၀၄၆ သန်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုကို ရှမ်းပြည်နယ်ရှိ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ ကရင်ပြည်နယ်ရှိ မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နယ်စပ် စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာလအတွင်း နယ်စပ်စခန်းအလိုက် ဆောင်ရွက်ခဲ့သည့် ကုန်သွယ်မှုပမာဏမှာ မြ၀တီမှ အမေရိကန်ဒေါ်လာ ၂၆၂ ဒသမ ၂၈၇ သန်း၊ တာချီလိတ်မှ ၇၆ ဒသမ ၂၄၀ သန်း၊ ကော့သောင်းမှ ၁၀၉ ဒသမ ၈၇၀ သန်း၊ မြိတ်မှ ၁၃၅ ဒသမ ၆၄၅ သန်း၊ နဘုလယ်/ထီးခီးမှ ၄၉ ဒသမ ၁၅၁ သန်း၊ မောတောင်မှ ၀ ဒသမ ၈၅၃ သန်းဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ်နယ်စပ်တွင် မိုင်းလားနယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မယ်စဲ့ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်း၊ ပုံပါကျင် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်စခန်းများဖြစ်သည့် ထီးခီး/နဘုလယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှာ ကုန်သွယ်မှုပမာဏ အနည်းငယ်သာ ဆောင်ရွက်နိုင်သေးပြီး သွင်းကုန်တင်သွင်းမှုသာ အများဆုံး ဆောင်ရွက်နေကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရန်အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ဆက်စပ်သည့် နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနှင့် ကုန်သွယ်မှုဆောင်ရွက်ရန် ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးစခန်းများမှာ အများဆုံးဖြစ်သော်လည်း နယ်စပ်ကုန်သွယ်မှု ပမာဏမှာမူ တရုတ်နှင့် အများဆုံးဖြစ်ကြောင်း သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း(မြ၀တီ))

Eleven Media Group

No comments:

Post a Comment