address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, March 4, 2014

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ပြည်သူများနှင့် တွေ့ဆုံမည်


4.3.2014 

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ပြုလုပ်နေသော ကရင်လက်နက်ကိုင်အဖွဲ့အ စည်းများအကြား ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း ဆွေးနွေးမှုအပေါ် လူထုဆန္ဒတောင်းယူခြင်း နောက်ဆုံးပွဲ အနေဖြင့် မတ်လ ၈ ရက်တွင် ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် ပြုလုပ်သွားမည်ဟု ကရင်စည်းလုံး ရေးနှင့် ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌဦးမန်းအောင်ပြည် စိုးက မဇ္ဈိမကို မတ်လ ၂ ရက်က ပြောသည်။

အဆိုပါပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ၊ အစိုးရဘက်မှ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီးများနှင့် ကရင်ပြည်သူလူထုတို့ကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ကရင်ပြည်သူများ၏ သဘောဆန္ဒများကို တောင်းယူသွားမည်ဖြစ်ကာ ဆွေးနွေးပွဲပြီးပါက ကရင်တိုင်းရင်းသား ညီလာခံတစ် ရပ်ကျင်းပနိုင်ရန် ညှိနှိုင်းသွားမည်ဖြစ်သည်။ မတ်လ ၁ ရက်ကလည်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။

ဦးမန်းအောင်ပြည်စိုးက “ဖာပွန်မှာတွေ့ဆုံသဘောတူညီချက်ထဲက ကရင်အဖွဲ့အစည်းအချင်းချင်း စည်း လုံးညီညွတ်မှုဆိုတဲ့အချက်ကို သံတောင်တွေ့ဆုံပွဲမှာ လူထုဆီက သဘောထားတွေ တောင်းယူသွားမှာ ပါ။ ကရင်လက်နက်ကိုင်အဖွဲ့စည်းတွေစည်းလုံးမှ အခြားတိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှုကိုဖော် ဆောင်နိုင်မှာလေ။ သံတောင်ဆွေးနွေးပွဲပြီးရင် ကရင်တိုင်းရင်းသားညီလာခံတစ်ရပ် ကျင်းပနိုင်အောင် ညှိနှိုင်းသွားမယ်”ဟု ပြောသည်။

မတ်လ ၁ ရက်က ပြုလုပ်ခဲ့သည့် ကရင်ပြည်သူလူထုတွေ့ဆုံပွဲတွင် ကရင်ပြည်သူလူထု၏ ဆန္ဒအရ စစ် မှန်သော ဒီမိုကရေစီ ဖော်ဆောင်နိုင်ရန်၊ တိုင်းရင်းသားအားလုံး တန်းတူအခွင့်ရေးရရှိရန်၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအားလုံး လိုလားသည့် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော် နိုင်ရန်၊ ကရင်အဖွဲ့အစည်းများအချင်းချင်း စည်းလုံးညီညွတ်ရန် စသည့် အချက်များ သဘောတူညီခဲ့ကြ သည်။ အဆိုပါပွဲတွင် လူထု၂ဝဝ ကျော် တက်ရောက်ခဲ့သည်ဟုလည်း ဦးမန်းအောင်ပြည်စိုးက ဆိုသည်။

သံတောင်တွင် နောက်ဆုံးတွေ့ဆုံပွဲပြီးပါက ရရှိလာသည့် ရလဒ်များကို ကရင်လက်နက်ကိုင်အဖွဲ့အ စည်းများ၊ လွှတ်တော်များသို့လည်း ပေးပို့သွားရန် ရှိသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KNU၊ DKBA အပါအဝင် အဖွဲ့အစည်းများနှင့် ကရင် ပြည်သူများ တွေ့ဆုံမှုများသည် ကရင်ပြည်နယ်အတွင်းရှိ စစ်ပွဲများကြောင့် ခံစားရသည့် ပြည်သူများ၏ ခံစားချက်များကို ကရင်လက်နက်ကိုင်အဖွဲ့များက တိုက်ရိုက်သိရှိခွင့်ရလာသဖြင့် ကရင်ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို ထိရောက်လာစေနိုင်သည်ဟုလည်း ယင်းကော်မတီဝင် မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကျော်သိန်းက မဇ္ဈိမကို ပြောသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးများအပေါ် ကရင်ပြည်သူလူထု၏ သဘောဆန္ဒ များ တောင်းယူခြင်းကို ယင်းကော်မတီက ၂ဝ၁၃ ဒီဇင်ဘာတွင် စတင် လုပ်ဆောင်နေခြင်းဖြစ်ကာ ဧရာ ဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးနှင့် မန္တလေးတိုင်းတို့တွင် ပြုလုပ်ခဲ့ပြီးဖြစ် သည်။

ယင်းကော်မတီကို ၂ဝ၁၃ ခုနှစ်၊ ဧပြီတွင် ဘားအံမြို့တွင် ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသား လွှတ်တော်ကိုယ် စားလှယ်များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။

Mizzima

No comments:

Post a Comment