address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, March 4, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများပါဝင်မှုမရှိသလောက်ရှားဟုဆို



4.3.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး များ၏ပါဝင်မှုမှာ မရှိသလောက် ရှားနေသောအခြေအနေမျိုးဖြစ် နေကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင် လူထုအခြေပြုလူ့အဖွဲ့အစည်း များ၊ လူငယ်များနှင့် အမျိုးသမီး များ ပါဝင်ခွင့်ပြုမှသာရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရန်အတွက် ပါဝင်သက်သေပြု မှု၊ အကြုံပြုဆွေးနွေးမှုများနှင့် လူထုလိုအပ်ချက်များကိုဆွေးနွေး နိုင်ကာ တည်တံ့ခိုင်မြဲသော ငြိမ်း ချမ်းရေးဆွေးနွေးပွဲရနိုင်ရန်အတွက် တောက်လျှောက်တောင်းဆိုခဲ့ ကြောင်းလည်း သိရသည်။

““အခုအချိန်ကြည့်မယ်ဆိုရင် အရပ်ဘက်လူ့အဖွဲ့အစည်းပါဝင် မှုက နည်းသလိုမျိုး အမျိုးသမီး တွေရဲ့ပါဝင်မှုကလဲမရှိသလောက် ရှားနေတဲ့အခြေအနေမျိုးဖြစ်နေ တာပေါ့။ တိုက်ပွဲတွေဖြစ်ပြီဆိုရင် လက်နက်ကိုင်အင်အားစုနှစ်ဘက် အစိုးရဘက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ဘက်တိုက်ပွဲဖြစ် တယ်။ ပြီးရင်သူတို့ဖွထားသမျှ အမှိုက်တွေဒုက်္ခသည်တွေကို ဒီလူငယ်တွေအမျိုးသမီးတွေက သွားကယ်တယ်။ သွားစောင့် ရှောက်ရတယ်။ အစာရေစာသွား ကျွေးရတယ်””ဟု ယင်းက ဆို သည်။

ထို့အပြင် စစ်မှန်သောငြိမ်း ချမ်းရေးကိုရစေချင်ပြီးနှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးရစေချင်တဲ့ ဆန်္ဒနှင့် လုပ်စေချင်ကာ ထိုသို့လုပ်ဆောင် ချင်အောင် ပံ့ပိုးတိုက်တွန်းပေး နိုင်သော လူငယ်များ၊ အမျိုးသမီး များကို ပါဝင်ခွင့်ပေးစေချင်ကြောင်း လည်း ယင်းကပြောကြားသည်။

Hot News

No comments:

Post a Comment