address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, July 14, 2013

နယ်စပ်စခန်း ၁၅ ခုမှ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး ရရှိထားပြီး တရုတ်နှင့် ကုန်သွယ်မှု အများဆုံးဖြစ်

နယ်စပ်စခန်း ၁၅ ခုမှ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး ရရှိထားပြီး တရုတ်နှင့် ကုန်သွယ်မှု အများဆုံးဖြစ် 

14.7.2013

နယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်း ၁၅ ခုမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ဇွန်လကုန်ပိုင်းအထိ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး ရရှိထားပြီး တရုတ်နှင့်ကုန်သွယ်မှုမှ အများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်း၊ သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၄၄၂ ဒသမ ၁၂၄ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၉၄ ဒသမ ၃၀၈ သန်း ရှိခဲ့ကြောင်း သိရသည်။
မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်း ၁၅ ခုမှ ကုန်သွယ်မှု ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်စခန်းများမှ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်သွယ်နေခြင်းဖြစ်ပြီး တရုတ်၊ ထိုင်းတို့နှင့် ကုန်သွယ်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါးတွင် မြန်မာ-တရုတ် နယ်စပ်ဖြစ်သည့် မူဆယ်နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းတစ်ခုတည်းမှ ကုန်သွယ်နိုင်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဇွန်လကုန်ပိုင်းအထိ လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၆ သန်းကျော်၊ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၇ သန်း၊ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅ သန်းကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုံးသန်းကျော်၊ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်၊ အခြားထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော် အသီးသီးရရှိခဲ့ပြီး မြန်မာ့ထွက်ကုန်များ ပြည်ပတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ပို့ကုန်များအဖြစ် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်ပစ္စည်းများကို တင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ကို တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

EMG

14.7.2013

နယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်း ၁၅ ခုမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ဇွန်လ ကုန်ပိုင်းအထိ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး ရရှိထားပြီး တရုတ်နှင့်ကုန်သွယ်မှုမှ အများ ဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်း၊ သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၄၄၂ ဒသမ ၁၂၄ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၉၄ ဒသမ ၃၀၈ သန်း ရှိခဲ့ကြောင်း သိရသည်။
မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘု လယ်၊ ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်စသည့် နယ်စပ်ကူးသန်း ရောင်း ၀ယ်ရေးစခန်း ၁၅ ခုမှ ကုန်သွယ်မှု ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်စခန်းများမှ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် ကုန်သွယ်နေခြင်းဖြစ်ပြီး တရုတ်၊ ထိုင်းတို့နှင့် ကုန်သွယ်မှု အများဆုံးဖြစ်ကြောင်းသိရသည်။
ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါးတွင် မြန်မာ-တရုတ် နယ်စပ်ဖြစ်သည့် မူဆယ်နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းတစ်ခုတည်းမှ ကုန်သွယ်နိုင်မှုမှာ အမေရိကန်ဒေါ် လာ သန်း ၆၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဇွန်လကုန်ပိုင်းအထိ လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၆ သန်းကျော်၊ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၇ သန်း၊ ရေ ထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅ သန်းကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၁၅ သန်းကျော်၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှအမေရိကန်ဒေါ်လာသုံးသန်းကျော်၊  စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်၊ အခြားထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော် အသီးသီးရရှိခဲ့ပြီး မြန်မာ့ထွက်ကုန်များ ပြည်ပတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ပို့ကုန်များအဖြစ် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန် ထွက်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်ပစ္စည်း များကို တင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်း၊ လူသုံးကုန်ကို တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment