address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 12, 2013

ဘုရားသုံးဆူ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်

12-7-2013

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့် လှစ်နိုင်ရန် ထိုင်းနိုင်ငံ အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောကြားသည်။

''လက်ရှိကာလကတော့ နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ကိစ္စတွေ နယ်မြေလုံခြုံရေး ကိစ္စတွေ ညှိနှိုင်းနေဆဲ အဆင့်ပဲ ရှိနေပါသေးတယ်။ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင် ဖို့လည်း နှစ်နိုင်ငံ အစိုးရ အဖွဲ့တွေ ဆက်လက်ညှိနှိုင်းမှု ပြုလုပ်ရဦးမှာပါ'' ဟု ဦးဇော်မင်းက ပြော ကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ် မိုင်ပေါင်း ၁၃၀၀ ခန့် ထိစပ်နေသည့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန် သွယ်ရေး စခန်းများအဖြစ် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်၊ မြိတ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုအထိ ရှိနေပြီး ပြီးခဲ့သည့် မေလအတွင်း တနင်္သာရီတိုင်း ဒေသကြီးနှင့် ထိစပ်နေသည့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုအား ဖွင့် လှစ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် ခုနစ်ခုမြောက် စခန်းအဖြစ် ဖွင့်လှစ်နိုင်ရန် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ကယားပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံမဲစဲ့နယ်စပ်ကုန်သွယ်ရေးစခန်းအားဖွင့်လှစ်နိုင်ရန်ညှိနှိုင်းမှုများ ပြုလုပ်နေပြီ  ဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မဲစဲ့နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင် ရန် နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ညှိနှိုင်းမှုနှင့် နယ်မြေလုံခြုံရေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန်နှင့် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ဖွင့်လှစ်ပြီးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင်မူဆယ်၁၀၅မိုင်၊လွယ်ဂျယ်၊လိုင်ဇာ၊ မြန်မာထိုင်းနယ်စပ်တွင်တာချီလိတ်၊  မြ၀တီ၊   ကော့သောင်း၊ မြိတ်၊ မောတောင်၊ ထီးခီး၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများအား ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း သိရသည်။


Eleven

No comments:

Post a Comment