ကျိုင်းတုံမြို့ရှိ UWSP ၏ ဆက်ဆံရေးရုံးနှင့် UWSA တပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
15.7.2013
'၀'အထူးဒေသ(၂)ကို ပြည်နယ်အဆင့် တောင်းဆိုမှုအားဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်မည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ဇူလိုင် ၁၂ ရက်တွင် ကျိုင်းတုံမြို့၌ ပြောကြားသည်။
'၀' တောင်ပိုင်းဒေသနှင့် ပတ်သက်ပြီး တပ်မတော်နှင့် '၀' သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဖက်ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ကျိုင်းတုံမြို့ ၌ တွေ့ဆုံပြီးချိန်တွင် ဦးသိန်းဇော်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။''အမျိုးသား ညီလာခံ မှာ ကတည်းက သူတို့တင်ပြတာပါ။ အခုမှ တင်ပြတာ မဟုတ်ပါဘူး။ သို့သော် အမျိုးသား ညီလာခံကတည်းက တင်ပြခဲ့တာဟာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လုပ်ရမယ် ဆိုတာသူတို့ နားလည်ပြီးသားပါ'' ဟု ဦးသိန်းဇော်က ပြောကြားသည်။
ထို့အပြင် '၀' သွေးစည်း ညီညွတ်ရေးပါတီ၏ ပြည်နယ်တောင်းဆိုမှုသည် ချက်ချင်းပေးရန် တောင်းဆိုခြင်း မဟုတ်ဘဲ အချိန်တစ်ခုတွင် ဖြစ်ချင်သည့် ဆန္ဒကိုသာ ပြောကြားခြင်း ဖြစ်သည်ဟုဦးသိန်းဇော်ကဆိုပါသည်။
''အခုတောင်းတာ မဟုတ်ပါဘူး။ သူတို့ဒေသလေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ချိန်ချိန်မှာ ဒီလိုလေး ဖြစ် ချင်ပါတယ်လို့ ပြောတဲ့ အဆင့်ပဲ ရှိပါတယ်။ ချက်ချင်းကြီး ပေးရမယ်လို့လည်း မရှိပါဘူး။ ဒါတွေက တဖြည်းဖြည်းနဲ့ ညှိနှိုင်းသွားရင် အားလုံး အဆင်ပြေသွားမယ့် ကိစ္စပါ'' ဟု ဦးသိန်းဇော်က ပြောကြားသည်။
လက်ရှိအချိန်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး ထားသော '၀'သွေးစည်း ညီညွတ်ရေး ပါတီနှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားမှု မရှိသော်လည်း စစ်ရေး အားပြိုင်မှုများ ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ရေးတင်းမာခဲ့ရသည့် နောက်ခံ အကြောင်းအရင်းများထဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ရှိနေသော '၀' တောင်ပိုင်း ဒေသကို အစိုးရမှ ပြန်လည်ထိန်းချုပ် လိုသည့် ပြင်ဆင်မှုများကြောင့် ဖြစ် သည် ဟု သိရသည်။အထူးသဖြင့် တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တွင် ရှိနေသော မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိသည့် ဒေသများတွင်တပ်စွဲထားသော'၀'တပ်စခန်းများအင်အားစာရင်းတင်ပြရန်တပ်မတော်မှ တောင်း ခံခဲ့ခြင်း၊ တပ်စခန်းအချို့ကို ဆုတ်ခွာရန် သတိပေးခဲ့ခြင်း၊ ဆုတ်ခွာခြင်း မပြုသော တပ်စခန်းများကို တပ်မတော်က ၀ိုင်းထားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိအချိန်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀'ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီးစတုရန်း၁၇၀၀၀ကီလိုမီတာကျယ်ဝန်းကာ'၀'ဒေသ မြောက် ပိုင်းနှင့် '၀'ဒေသ တောင်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည် . . .
သို့သော် ဇူလိုင် ၁၂ ရက် ကျိုင်းတုံ ဆွေးနွေးပွဲတွင် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ရသည့် အကြောင်းခံ ပြဿ နာများကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ တင်းမာမှုများ လျော့ကျစေရန်အတွက် ထိပ်တိုက်တွေ့နေသော နှစ်ဖက်တပ်များကို ပြန်ဆုတ်ရန် အတွက် သဘောတူညီခဲ့သည်ဟု UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောကြားသည်။
'၀'တောင်ပိုင်းဒေသနှင့် ပတ်သက်ပြီး စစ်ရေးတင်းမာမှု ဖြစ်ခဲ့ရခြင်းသည် နှစ်ဖက်တပ်များအကြား နားလည် မှု လွဲမှားခြင်းကြောင့်သာ ဖြစ်ပြီး နှစ်ဖက်လူကြီးများ တွေ့ဆုံပြီးနောက် ပြေလည်မှု ရခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ ကစထ-၂) က ပြောကြားသည်။ကျိုင်းတုံဆွေးနွေးပွဲတွင် ဖြစ်ပွားနေသော ပြဿနာများကို ဖြေရှင်းနိုင် ရန် ဆွေးနွေး ခဲ့သည့်နည်းတူ နိုင်ငံရေးအရ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဦးသိန်းဇော်က ပြောပါသည်။
''နိုင်ငံရေးပိုင်းကို ကူးလာတဲ့အတွက် တချို့နိုင်ငံရေး စကားတွေကို စပြီး ပြောပါတယ်။ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ သူတို့တွေရဲ့ ဆန္ဒတွေ အားလုံးကိုယ်တို့ ပြောခဲ့ပါတယ်။ သူတို့တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့၊ လွှတ်တော်ထဲမှာ ပါဝင်နိုင်ဖို့ ဒီကိစ္စတွေကိုလည်း သူတို့ကို ဖိတ်ခေါ်ခဲ့ပါတယ်'' ဟု ဦးသိန်းဇော်က ပြောကြားသည်။လက်ရှိအချိန်တွင် သန်းခေါင်စာရင်း ကောက်ယူမှု ကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀'ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီး စတုရန်း ၁၇၀၀၀ ကီလိုမီတာ ကျယ်ဝန်းကာ'၀' ဒေသ မြောက်ပိုင်းနှင့် '၀'ဒေသ တောင်ပိုင်းဟု နှစ်ပိုင်း ခွဲခြား ထား သည်။
UWSA အနေဖြင့် ပန်ဆိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့ရာမှ ၁၉၉၄-၉၅ ခုနှစ်များအထိ ရှမ်း ပြည်နယ် တောင် ပိုင်းတွင် လှုပ်ရှားခဲ့သော ခွန်ဆာတပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက် ချပြီးချိန်တွင် တာချီလိတ်၏ အနောက်တောင်ဘက်မှ ကယားပြည် နယ်အစပ်အထိ ဒေသများကို '၀'များ အား ပြောင်းရွှေ့နေထိုင် စေခဲ့ရာမှ '၀'တောင်ပိုင်းဒေသ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ဒုတိယမြောက် ခွဲထွက်လာသော အဖွဲ့ဖြစ်သည်။ '၀' သွေးစည်း ညီညွတ်ရေးပါတီသည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဌာနချုပ်အဖြစ် တည်ရှိနေသော '၀' နယ်မြေအတွင်းမှ ပန်ဆန်းဌာနချုပ်ကို သိမ်းယူခဲ့ပြီး '၀'အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်း စဉ် ကတည်းက တပ်မတော်နှင့် သင့်မြတ်စွာ နေထိုင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့နှင့် လည်း ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံသို့ တက်ရောက် ခဲ့ပြီး အခြား တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့်လည်း ပူးပေါင်းမှုများ ရှိခဲ့ပါသည်။
၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာခဲ့သော်လည်း '၀' အဖွဲ့ကို မူး ယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသော အဖွဲ့အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်လက် ရှုမြင်ခဲ့ကြသည်။
၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် မပြေလည်မှုများ ဖြစ်ပေါ် ခဲ့ရာ မှ တစ်ဆင့် '၀' ၏စစ်အင်အားမှာလည်းတစ်စထက်တစ်စအားကောင်းလာခဲ့သည်ဟု နိုင်ငံရေးအကဲခတ်များ က သုံးသပ်ခဲ့သည်။
လက်နက်ကိုင် အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရန်ပြည်သူ့စစ် အင်အား ၁၀၀၀၀ ကျော်ခန့် ရှိနေသော '၀'သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် '၀' သွေးစည်း ညီညွတ်ရေး ပါတီ၏ လက်အောက် တွင် ရှိနေပြီး ပန်ဆိုင်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန် ဒေသများတွင် အဓိက လှုပ်ရှားလျက် ရှိပါသည်။UWSA ၏ ဌာနချုပ်သည် '၀' မြောက်ပိုင်း ပန်ဆန်းတွင်ရှိပြီး တာ ချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းနှင့် လာရှိုးတို့တွင် အစိုးရနှင့် ဆက်ဆံရေးရုံးများ ဖွင့်ထားသည်။
EMG
No comments:
Post a Comment