address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Saturday, July 13, 2013
ဗုဒ္ဓဂယာဗုံး ပေါက်ကွဲမှုသည် လူ့အဖွဲ့အစည်းကို နှစ်ခြမ်းကွဲစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ဟုဆို
13.7.2013
ဗုဒ္ဓဂယာဗုံး ပေါက်ကွဲမှုနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အလားတူ ကိစ္စရပ်များသည် လူ့အဖွဲ့ အစည်းကို နှစ်ခြမ်းကွဲစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင် ခဲ့ သူများအား ထိထိရောက်ရောက် နှိမ်နင်းအရေးယူ သင့်ကြောင်း ဗဟိုထောက် လှမ်းရေး ရဲ တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဆီတာရမ် ယီချူရီက ဇူလိုင် ၁၁ ရက်တွင် ပြောကြားသည်။
ယင်းကဲ့သို့အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်၍ ပြစ်ဒဏ် ပေးနိုင်ရန်အတွက်စုံစမ်း ထောက် လှမ်းမှုများကို အရှိန်တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် စုံစမ်းဖော်ထုတ် နိုင်ခဲ့ပါက ထိုသို့ လူ့အဖွဲ့ အစည်းအား နှစ်ခြမ်းကွဲစေရန် ထပ်မံ လုပ်ဆောင်မှုများကို ဟန့်တား နိုင်ရေးအတွက် ပြစ် မှုကျူးလွန် သူများအားထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ပေးရန်ယီချူရီကထပ်လောင်း တောင်း ဆို ခဲ့သည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment