13-7-2013
ကယားပြည်နယ်ရှိ မော်ချီး ခဲမဖြူ သတ္တုတွင်းအား အစိုးရက တိုးချဲ့ထုတ်လုပ်ရန် ပြင်ဆင်နေမှုသည် က ယားပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း သဘောတူခဲ့သည့် တာဝန်ခံမှုများကို အစိုးရဘက်က ပျက် ကွက်ခြင်းပင် ဖြစ်ကြောင်း ကရင်နီ တိုးတက်ရေး ပါတီ (KNPP) က ပြောဆိုလိုက်သည်။
တရုတ်ကုမ္ပဏီတခုသည် လွန်ခဲ့သည့် လပိုင်းမျာက မော်ချီး အမှတ် ၁၃ ကုန်းတွင် လမ်းနှင့် အိမ်များ လာရောက်တိုးချဲ့ တည်ဆောက်သွားခဲ့ပြီး သတ္တုအကြီးအကျယ် ထုတ်လုပ်ရန် ပြင်ဆင်နေမှုများလည်း ရှိနေကြောင်း၊ ဇွန်လက အစိုးရ နှင့် KNPP တို့အကြား သဘောတူညီမှုများအရ အဆိုပါလုပ်ငန်းများ ပြည် နယ်တွင်း လုပ်ကိုင်မည်ဆိုပါက အသိပေးညှိနှိုင်း ရမည့် တာဝန်ရှိကြောင်း KNPP ဒု ဥက္ကဋ္ဌ ခူးဦးရယ်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့နဲ့ သဘောတူညီချက်ကို အစိုးရဘက်က လိုက်နာဆောင်ရွက်မှု ပျက်ကွက်တယ်လို့ ပြော လို့ရတယ်၊ အစိုးရ ဘက် က ပျက်ကွက်နေတာ ဒီတကြိမ်တည်းမဟုတ်ဘူး၊ အရင်တုန်းကလည်း ပျက် ကွက်တာတွေ ရှိပါတယ်”ဟု သူက ဆိုသည်။
ယခုနှစ် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက် နေ့များက KNPP နှင့် မြန်မာအစိုးရတို့ကြား ကယားပြည်နယ်အတွင်း မည်သည့် လုပ်ငန်း မဆို လုပ်ကိုင်ကြမည်ဆိုပါက ၂ ဘက် ပွင့်လင်းမြင်သာမှုရှိရေး၊ စီမံကိန်းလုပ်ငန်း များ အတွက်
“အထူးသဖြင့် အခုလို အကြီးစားစက်မှုလုပ်ငန်းတွေမှ
တရုတ် ကုမ္ပဏီအနေဖြင့် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် လာရောက်လုပ်ကိုင်နေသည်ဟု နား လည်ကြောင်း၊ ထို့ ကြောင့် ပြည်နယ်အစိုးရကလည်း ခွင့်ပြုသည်ဟု ယူဆကြောင်း၊ သို့သော် အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ ၂ ရပ်လုံးပါဝင်သည့်အတွက် အစိုး ရ ၂ ရပ်လုံးမှ အသိပေးသင့်ကြောင်း သူက ဆက်ပြောသည်။
မော်ချီးဒေသ ခဲမဖြူ သတ္တု လုပ်ငန်း ဒေသမှာ စီမံကိန်း တိုးချဲ့လုပ်ကိုင်သည့်ကိစ္စသ
“အခုလို လုပ်တာ ရေရှည်မှာ မကောင်းဘူးပေါ့။ သဘောတူညီမှုအရ ဘာပဲပြောပြော ကျနော်တို့နဲ့ မညှိနှိုင်း ရင်တောင်မှ ဒေသ ခံလူထု ရဲ့ ဆန္ဒသဘောထား ယူရမယ်ဆိုတာ သူတို့မှာ တာဝန်ရှိတယ်”ဟု သူက ပြော သည်။
အစိုးရ၏ မော်ချီးသတ္တုတွင်း တိုးချဲ့ ထုတ်လုပ်ရေးအစီအစဉ်သည် ကယားပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်က
“နိုင်ငံရေး စကားမပြောသေးခင် အစိုးရက ကျမတို့ရဲ့ တောင်တွေ၊ အိမ်ယာတွေကို ဖျက်ဆီးဖို့ တရုတ်တွေ ကို ခွင့်ပြုမယ် ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က
မိုလို အမျိုးသမီး သတ္တုတွင်း လေ့လာစောင့်ကြည့်ရေး ကွန်ရက်သည် ကယားပြည်နယ်တ၀န်းလုံးရှိ သတ္တု တွင်း လုပ်ငန်းများကြောင့် လူမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ရင်ဆိုင်ကြုံတွေ့ နေရသည့် အမျိုးသမီးများ အတွက် ကူညီ ပေးနေသော အဖွဲ့ဖြစ်သည်။
ထိုကဲ့သို့ သတ္တုတွင်း တိုးချဲ့ လုပ်ကိုင်မည့် အစီအစဉ်ကို ရပ်တန့်ရန် ဒေသခံရွာသား ၁၈၂ ဦးက လက် မှတ်ရေးထိုးထား သည့် ကန့်ကွက်စာကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) သို့ ပေးပို့ခဲ့သည်ဟု သိရသည်။
ယမန်နှစ်ကလည်း သတ္တုတိုးချဲ့ထုတ်လုပ်ရန် ဒေသခံရွာသားများကို ပြောင်းရွှေ့ရန် ပြောဆိုခဲ့သော်လည်း စီမံကိန်းအပေါ် ဒေသခံ နိုင်ငံသားများ သိပိုင်ခွင့်ရှိသည့် သတင်း အချက်အလက်များကို အသိပေးမှု မ ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရတို့ထံ ဧရာဝတီက ဆက် သွယ်သော် လည်း အဆက်အသွယ်မရပေ။
မော်ချီး သတ္တုတွင်းကြောင့် ထိခိုက်နစ်နာမှုနှင့်ပတ်သက်ြ
ခဲမဖြူသတ္တုတူးဖော်မှု စီမံကိန်းကြောင့် ဘိုးဘွားပိုင်မြေများဆုံးရှု
မော်ချီး ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွင်းလုပ်ငန်းသည် ရှေးယခင်က ဒေသခံများက တနိုင်တပိုင်လုပ်ကိုင် လာရာမ
ထို့နောက် မော်ချီးသတ္တုတွင်းကို ဂျပန်များ မြန်မာနိုင်ငံသို့ ၀င်ရောက်ချိန် ၂ နှစ်တာ လုပ်ကိုင်ပြိး အင်္ဂလိပ် အစိုးရမှ တဖန် ပြန် လည် လုပ်ကိုင်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာအစိုးရ အဆက်ဆက်က ယခုအချိန်အထိ ဦးစီး လုပ်ကိုင်နေသည့် သတ္တုတွင်း လုပ်ငန်းဖြစ်သည်။
မော်ချီးသတ္တုတွင်း လုပ်ငန်းကို ဦးပိုင် ကုမ္ပဏီလီမိတက်နှင့် အမှတ် ၂ သတ္တုတွင်း ၀န်ကြီးဌာန ထိန်းချုပ် မှုဖြင့် Kayah State Mining Product Company-KMPC က ယခုအထိ လုပ်ကိုင်ဆောင်ရွက်နေကြောင်
ယမန်နှစ် အောက်တိုဘာလ အတွင်းကလည်း ကယားပြည်နယ်အတွင်း အစိုးရ စစ်တပ်များ သွားလာ လှုပ်ရှားမှု၊ သင်တန်း ကျောင်း ဆောက်လုပ်မှုများနှင့် ပတ်သက်ပြီး KNPP ကို အသိပေးခြင်း မရှိသည့် အတွက် ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက် (KCSN) က “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ် ချက်” အစီရင်ခံစာ ထုတ်ပြန်၍ တာဝန် ပျက်ကွက်ကြောင်း ဝေဖန် ပြောဆိုခဲ့သေးသည်။
အစိုးရနှင့် KNPP သည် ယမန်နှစ် ဇွန်လအတွင်းက ပြည်ထောင်စု အဆင့် တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ၁၄ ချက် ရရှိထားသည်။
Irrawaddy
No comments:
Post a Comment