16.12.2013
၂၇ ကြိမ်မြောက် ဆီးဂိမ်းပိတ်ပွဲကြည့်ရှုခွင့်လက်မှတ်များ ရောင်းချ ထားခဲ့ပြီးဖြစ်သော်လည်း အွန်လိုင်းမှ ၀ယ်ယူ မည့်သူများအတွက် ချန်လှပ်ထားခဲ့သော လက်မှတ်များကို နေပြည်တော်မြို့မဈေး၊ ပွဲရုံတန်း ၊ အခန်းအမှတ် (ပ)၁၁၂ ၊ တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ကာရောင်းချပေးမည်ဖြစ်သည်။
ရောင်းချပေးမည့် လက်မှတ်အရေအတွက် အတိအကျ ကိုထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း လက်မှတ်ဈေးနှုန်းများကို ယခင်ရောင်းချခဲ့သည့် အတိုင်းရိုးရိုးတန်း ၃၀၀၀ ကျပ်နှင့် အထူးတန်း ၅၀၀၀ ကျပ် ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ လက်မှတ်ခွဲတမ်းအရရန်ကုန်နှင့် မန္တလေးတို့တွင် ရောင်း ချ ပေးခဲ့သော လက်မှတ်အရေအတွက် ပြည့် သွားပြီဖြစ်သောကြောင့် ဒီဇင်ဘာလ ၁၈တွင် နေပြည်တော် ၌သာ လက်မှတ်ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေး တို့တွင် ရောင်းချပေးမည်မဟုတ်ပေ။
ဆီးဂိမ်းပိတ်ပွဲကြည့်ရှုခွင့်လက်မှတ်ဝယ်ယူလိုသူများသည် မိမိတို့ကိုင်ဆောင်ထားသော မှတ်ပုံတင်မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး မှတ်ပုံတင်တစ်ခုကို လက်မှတ် တစ်စောင်နှုန်းရောင်းချပေးသွားမည်ဖြစ် သည်။ ဆီးဂိမ်းပိတ်ပွဲ ကြည့်ရှုခွင့်လက်မှတ်များ ၀ယ်ယူရေးကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၃၉၄၁၅၃ ၊ ၀၉-၅၁၃၂၃၀၀ ၊ ၀၁-၅၆၄၃၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment