address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 9, 2014

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာများအား မြန်မာသံရုံးမှ သတိပေးတိုက်တွန်း




ထိုင်းနိုင်ငံသို့ အကြောင်းအမျိုး မျိုးဖြင့် ရောက်ရှိနေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာများကို မြန်မာ သံရုံးမှ သတိပေး တိုက်တွန်းထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT(Myanmar Association in Thailand) မှ ဆက်သွယ်ပြောချက်အရ
သိရ သည်။

အဆိုပါ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သတိပေးတိုက်တွန်းနှိုးဆော် ချက်များအတွင်း ထိုင်းနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော ပြည်တွင်းနိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုး မျိုးဖြင့် ရောက်ရှိနေကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကောင်းမွန်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရေးအတွက် လည်းကောင်း မိမိတို့၏လုံခြုံရေးအတွက် လည်းကောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေမည့် အပြုအမူများကို ရှောင်ရှားနိုင်ကြရန် အတွက်အထူးသဖြင့် ဇန်နဝါရီ ၁၃ ရက်တွင် ဗန်ကောက်မြို့ လမ်းများတွင် အသွားအလာ ရပ်ဆိုင်းသွားအောင် ဗန်ကောက်မြို့ တစ်မြို့လုံးကို ပိတ်ဆို့ဆန္ဒပြခြင်းပြုလုပ်ကြမည့် Bangkok Shutdown ဆန္ဒပြလှုပ်ရှားမှု များတွင်လည်းကောင်း၊အဆိုပါ နေ့ရက်မတိုင်မီ ရှေ့ပြေးပြုလုပ်ကြမည့် နိုင်ငံရေးနှင့် ပတ်သက်သည့် လူစုလူဝေးပြုလုပ်ခြင်းများ၊ ဆန္ဒပြမှုများနှင့် လူစုရုံးချီတက်ခြင်းများ စသည်တို့တွင် လည်းကောင်း ပါဝင်ပတ်သက်ခြင်းမပြုလုပ်ကြပါရန် အဆိုပါနေရာဒေ သများကို လည်း ရှောင်ရှားကြပြီး မိမိတို့၏လုံခြုံရေးကိုလည်း အထူးဂရုစိုက်ကြပါရန်နှင့် ဆန္ဒပြလူစုလူဝေးပြုလုပ်သည့် နေရာဒေသများကို သိရှိနိုင်ရေး အတွက်လည်း ဒေသဆိုင်ရာသတင်းမီဒီယာများအား မပြတ်လေ့လာကြပါရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသူ နိုင်ငံသားများ အကျိုးငှာ အသိပေးတိုက်တွန်းနှိုး ဆော်အပ်ပါကြောင်းဖြင့် ဗန်ကောက်မြို့ မြန်မာသံရုံးမှ ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

MOI

No comments:

Post a Comment