address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 15, 2014

နယ်ခြား စောင့်တပ် (ကရင်ပြည်နယ်) မှ သုံးသပ်ချက် အစည်း အဝေး ကျင်းပ



15.1.2014

နယ်ခြား စောင့်တပ် (ကရင်ပြည်နယ်) ၏ (၃)နှစ်တာ သက်တမ်း ကာလရှိ လာပြီးဖြစ်သော အဖွဲ့ကို ပြန်လည် သုံးသပ်သည့် အစည်း အဝေး တရပ်ကို ယနေ့ မနက်ပိုင်း တွင် ဌာနချုပ်ဖြစ် သည့် ကရင်ပြည် နယ် မြ၀တီမြို့နယ် ရွှေ ကုက္ကိုမြိုင် ကျေးရွာတွင် ကျင်းပခဲ့ သည်ဟု ပြန်ကြား ရေး အရာရှိ ဗိုလ်မှူး မောင်ဇော် ကဆိုပါသည်။

“ အဖွဲ့ရဲ့ (၃)နှစ်တာ အတွေ့ အကြုံနဲ့ လောလော ဆယ်ရင် ဆိုင်နေရ တဲ့ အခက် အခဲတွေ ကိုပြန် လည်သုံး သပ်တာဖြစ် ပါတယ်။ ဒေသဖွံ့ဖြိုးရေး ကိစ္စ၊ သွား လာ ရေးကိစ္စ၊ လုံခြုံရေး ကိစ္စ၊ စီးပွားရေး ကိစ္စတွေက အစပြန် လည် သုံးသပ်တာ ပေါ့နော် ပြီးတော့ အခုဖြစ် လာတာက ဘယ်ဟာမ လုပ်ရ ဒီဟာ မလုပ်ရဖြစ် လာတယ်။ အဲဒါကို ဖြေရှင်း ရမှာပေါ့ နော်။” ဟုဆိုပါသည်။

သွားလာရေး တွင် ယခင် ကထက် ပိုမိုကြပ် တည်း လာပြီး လွတ်လပ် မှုမရှိဘဲ အချုပ် အချယ် ဖြစ်လာ ခဲ့ကြောင်း၊ စီးပွားရေး အရာတွင် လည်း အဖွဲ့အ စည်း အကျိုး စီးပွား ထက် ပဏာသင့် သူများအ ချင်းချင်း သာဦးစားပေး လာခဲ့ပြီး ဖြစ်နေကြောင်း၊ ဤပြသနာ သည်အ ထက်ပိုင်း ခေါင်းဆောင် များ မသိ ဘဲ အောက်ခြေပြ သနာ သာဖြစ် သည်ဟု သုံးသပ်ခဲ့ ကြောင်း ဆိုပါသည်။

ဤကဲ့သို့ ဖိအား ပေးစရာ ဖြစ်လာ နေသော သွားလာ ရေးနှင့် စီးပွားရေး ကိစ္စများ သည် အောက်ခြေ ပြသနာ ဟု ခံယူသဖြင့် အထက်သို့ တင်ပြပြီး တွေ့ ဆုံ ဖြေရှင်း သွားရန် ဆုံးဖြတ်ထား ပါသည်။ ဤသို့ကြောင့် အစည်း အဝေးပြီး သည့် နောက်ပိုင်း တွင် အရှေ့တောင်တိုင်း အဆင့်သို့ တင်ပြရန် ရှိနေပါသည်။

ထို့အပြင် ဒေသ ဖွံ့ဖြိုး ရေးအခြေ အနေသုံး သပ်ရာတွင် လည်းလမ်းတံတား တည်ဆောက်မှု အခြေအနေ ၊ဖွံ့ဖြိုးရေး လို အပ်နေသေး သောနေရာ များ၊ အဆောက်အ ဦးများ၊ လူထု အကျိုးပြု ကိစ္စများ လုံခြုံရေး အပါဝင် လိုအပ်ချက် များကို ပြန်လည် သုံးသပ်ခဲ့ ပါသည်။

နယ်ခြား စောင့်တပ်( ကရင်ပြည်နယ်) အဖွဲ့သည် နိုင်ငံတော် အပေါ် သစ္စာစောင့် သိပြီး ဒေသဖွံ့ဖြိုးရေး ကိုအား ကျိုးမာန် တက်ဆောင် ရွက်နေသော လက်နက် ကိုင်အဖွဲ့ဖြစ် သည်ဟု ခံယူကြောင်း၊ အချုပ် အချယ် ကင်းကင်းဖြင့် ကရင်လူမှု ဘ၀ဖွံ့ဖြိုး ရေးနှင့် လမ်းပမ်း ဆက်သွယ်ရေး ကိုဆောင်ရွက် နေသလို ဆက် လက် ဆောင်ရွက် နိုင်ရန် နိုင်ငံတော်၏ အကူ အညီ ကိုလို အပ်သဖြင့် ဆက်လက် တင်ပြ မည်ဖြစ် ကြောင်း ဆိုပါသည်။

နယ်ခြား စောင့်တပ် (BGF) ကရင်ပြည် နယ်၏ (၃) နှစ်တာ သုံးသပ် အစည်းအဝေး ကို (BGF) အတွင်း ရေးမှူး ဖြစ်သူ ဗိုလ်မှူးချုပ် စောချစ် သူ ဦးဆောင်ပြီးဗ ဟို အကြံပေး ကွပ်ကဲရေး အဖွဲ့မှ အရာရှိ များ၊ တပ်နယ် (၁-၂-၃-၄) မှ အရာရှိ များ၊ ခစတ (တပ်ရင်း ) (၁၂ )ရင်းမှ အရာရှိများ၊ တက်ရောက် ကြပြီး ယနေ့မနက် (၉)နာရီမှ စတင် ကျင်းပကာ ညနေ (၄)နာရီခွဲ တွင်ပြီး ဆုံး သွားခဲ့ ကြောင်းဆို ပါသည်။

နယ်ခြား စောင့်တပ် (ကရင်ပြည်နယ်) သည် ယခင်က ဒီကေဘီ တပ်ဖွဲ့ ဖြစ်ပြီး(၂၀၁၀) ခုနှစ်ရွေးကောက် ပွဲအကြို ကာလ တွင်နယ်ခြား စောင့်တပ် အသွင်ပြောင်း ခဲ့ခြင်း ဖြစ်ပါသည်။ အင်အား ( ၃၀၀၀) ခန့်ရှိကြောင်း ဒေသခံများ မှခန့်မှန်း နေကြပြီး ကရင် လက်နက်ကိုင် တပ်ဖွဲ့ အချင်း ချင်းသဟ ဇာတဖြစ် ရန်အား ထုတ် နေပါသည်။

ဤသို့ ကြောင့် အစိုးရ၏ ဦးစားပေး မှုတဖြည်းဖြည်း လျှော့ချ လာခဲ့ခြင်း ဖြစ်ဖွယ်ရှိ သည်ဟု နယ်ခြား ရှိစစ်ရေး ဝေဖန် သူများက ဆိုနေပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment