address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 9, 2014

မလေးရှားနိုင်ငံသင်္ဘောကျင်းတွင် ပြဿနာဖြစ်ပွားခဲ့သည့် မြန်မာအလုပ်သမား ၉၈ ဦးအနက် ၆၅ ဦး ပြန်လည်ရောက်ရှိ

မလေးရှားနိုင်ငံမှအလုပ် သမား အချင်းချင်း အခြင်းများရာမှ ပြသာနာဖြစ်သဖြင့် မြန်မာနိုင်ငံ သို့ပြန်လာမည့် အလုပ်သမား ၉၈ ဦးတွင် အလုပ်သမား ၆၅ဦး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ဇန်နဝါရီ ၈ရက်တွင် ပြန် လည်ရောက် ရှိကြောင်း သိရသည်။ ယင်းသို့ပြန်လာရာတွင်

လေယာဉ်လက်မှတ် အခြေအနေအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ နံနက် ၈နာရီတွင် ၄၄ ဦးတစ်ဖွဲ့နှင့် နံနက် ၁၁နာရီတွင် ၂၁ဦးတစ်ဖွဲ့ဖြင့် နှစ်ကြိမ်ခွဲ ရောက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ပြန်လာရာတွင် နံနက် ၈ရီရောက်မည့်အဖွဲ့တွင် မူလက ၄၈ဦးပြန်လာမည်ဟု ရည်ရွယ်ထားသော်လည်း အလုပ်သမားလေးဦးမှာ မိမိရည်ရွယ် ချက်ဖြင့်ထွက်ခွာသွားမှုရှိကြောင်း ယင်းတို့အားပြန်လည်ရှာတွေ့ ရန်အတွက် ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အေဂျင်စီအသင်းချုပ်မှ အမှုဆောင် အဖွဲ့ဝင်ဦးကိုလေးက ပြောသည်။

ဦးကိုလေးက''နံနက် ၈နာ ရီပြန်ရောက်ဖို့အတွက် နံနက် ၄ နာရီလောက်လူစစ်တော့ မှ အလုပ်သမားလေးဦးပျောက် နေမှန်းသိရတာ။ အဲဒါကိုလဲ အ လုပ်သမားလေးတွေပြောလို့သိ ရတယ်။ အဲဒါနဲ့ လိုက်ရှာတာမ တွေတော့ ဘယ်လို လုပ်ရ မှန်းမသိ ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုရင် မလေးရှားကနေ immigaration ဝင်တဲ့အခါ အဖွဲ့ လိုက်ဝင်တဲ့အခါ တစ်ယောက် ကျန်ရင် ကျန်တဲ့သူတွေပါပြန်မ ရဖြစ်မှာကြောင့်လို့ပါ။ ဒါပေမဲ့ အားလုံးပြန်လာလို့ရအောင် အဆင်ပြေ တဲ့နည်း နဲ့ စီစဉ်ပြီးပြန် လာတာဖြစ်ပါတယ်''ဟု ပြော သည်။

ယင်းကဲ့သို့ ပြန်လာရာတွင် မူလချုပ်ဆိုထားသည့်စာချုပ်အ ရ အလုပ်ရှင်အားပေးလျော်ရန် မြန်မာငွေကျပ် သိန်းတစ်ထောင် ခန့်ကုန်ကျမည်ဖြစ်သော်လည်း အေဂျင်စီအသင်းချုပ်မှ ညှိနှိုင်းမှု ကြောင့် သိန်း ၂ဝဝကျော်ခန့်သာ ကုန်ကျကြောင်းပြောသည်။

မလေးရှား သင်္ဘောကျင်း မှပြန်လာသည့်အလုပ်သမား တစ်ဦးဖြစ်သူ ဦးသန်းကျော်က ''ရောက်တာတစ်လမပြည့်သေး ဘူး ဒီလိုပြသာနာမျိုးဖြစ်တဲ့အ တွက် ကြောက်တဲ့အတွက်ပြန်လာ တာဖြစ်တယ်။ ကိုယ်ကလဲ မလေး စကား မကျွမ်း ကျင်တော့ ကျန်ခဲ့ ရင် နောက်တစ်ခါ ရန်ပြန်လာရှာ မှာကြောက်တာနဲ့ အတူတူပြန် လာတာဖြစ်တယ်။ နောက် ရန် ဖြစ်တာမျိုးက ကျွန်တော်ရောက် ပြီးနှစ်ခါသုံးခါဖြစ်ပေမယ့် အခု တစ်ကြိမ်က အရမ်းဆိုးတယ်''ဟု ပြောသည်။ အေဂျင်စီ အသင်း ချုပ်မှ တာဝန်ရှိသူတစ်ဦးက''ဒီနေ့ပြန် ရောက်လာပြီးရင် ဇန်နဝါရီ ၉ ရက်နေ့ ၈နာရီကျရင် ကျန်တဲ့ ၂ဝရောက်ရှိမှာဖြစ်တယ်။ အဲဒီ မှာ လုပ်သားကိုးဦးက အလုပ်ဆက် လုပ်ချင်တဲ့အတွက် ကျန်ခဲ့ပါ တယ်။ နောက် အလုပ်ရှင် ကိုလဲ သူတို့ လုံခြုံရေး အထူးဂရုစိုက် ပေးဖို့နဲ့အဲ့ဒီမှာရှိတဲ့ မြန်မာလုပ် သားတွေကို စောင့်ရှောက်ပေးဖို့ မှာခဲ့ပါတယ်''ဟု ပြောသည်။

စိုင်းဟန်
Yangon Media Group

မလေးရှားမှ ပြန်လည်ရောက်ရှိလာသောလုပ်သားများအားကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားမြင်ကွင်း။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)

No comments:

Post a Comment