address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 9, 2014

ကယန်းကျေးရွာ အချို့၌ အမျိုးသမီးများအား အဓမ္မပြုကျင့်သည့် ဖြစ်ရပ်များတွင် ရွာဓလေ့အတိုင်း ကျေးအေးပေးရခြင်း များရှိနေဆဲဟုဆို

ကယန်းဒေသ ကျေးရွာတချို့၌ အမျိုးသမီးများအဓမ္မကျင့်ခံရ သည့်ဖြစ်ရပ်များတွင် ကျေးရွာအစဉ်အလာဓလေ့အတိုင်း ကျေအေး ပေးလိုက်ရခြင်းများရှိနေသေးကြောင်း ကယန်းအမျိုးသမီးအဖွဲ့ (KYWO) တွဲဖက် အတွင်း ရေးမှူး-၂၊
လွိုင် ကော် Women center(WMP) မှ တာဝန်ခံဒေါ်မူအန်းဂျေလာမှ ပြောသည်။ အမျိုးသမီးငယ်များ အဓမ္မကျင့် ခံရခြင်းဖြစ်ရပ်များသည် ယခုနှစ် အတွင်းများလာပြီး ကယန်းအမျိုး သမီးအဖွဲ့မှ လက်လှမ်းမီသည့်နေရာ များတွင် တွေ့ ရသည့် ဖြစ်ရပ်ခြောက် ခုခန့်ရှိပြီး၊ ထိုသို့ဖြစ်ရပ်များတွင် ကာယကံရှင်အမျိုးသမီးကို ရွာဓလေ့ အရ ဖိအားပေးလျှင် အချင်းချင်း ကျေအေးပေးလိုက်ရပြီး ရွာဓလေ့ ထုံးစံအရ ကြက်၊ ဝက်များကိုသတ် ၍ အိမ်တိုင်းသို့လိုက်ဝေကာ ရွာဆေး ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ဒေါ်မူအန်းဂျေလာက ''အများ အားဖြင့် သူတို့ကိုယ်တိုင်ကျေအေး တာများတယ်။ ရွာနာမည်လဲ ပျက် တယ်။ အဲလိုတွေ ဖိအားပေးတာတွေ ရှိတယ်။ ရွာရဲ့ထုံးစံအတိုင်းလုပ်လိုက် ရင် ပြီးသွားပြီ။ ဒီကောင်မလေးကို မယူလဲရတယ်ဆိုတော့ မိန်းမ တစ်ယောက် ရဲ့တန်ဖိုးက ဝက်တစ်ကောင် ရဲ့တန်ဖိုးလို ဖြစ်သွားတယ်။ အဲလိုမျိုး တွေ အရမ်းများတယ်'' ဟုပြောသည်။

ထိုသို့ဖြစ်ရပ်များတွင် ပြစ်မူကျူး လွန်သူများသည် မူးယစ်ဆေးသုံးစွဲ မှုကြောင့် ပိုများကြောင်း ကယန်းဒေ သတစ်ခုဖြစ်သည့် ရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ကျေးရွာများတွင် ပိုမို ဖြစ်ပွားကြောင်း မိမိတို့လက်လှမ်း မမီသည့်နေရာများရှိနိုင်ကာ အချို့ နေရာ များ တွင် ရှက်သည့်အတွက် ထုတ်ဖော်မပြောလိုသည်များလည်း ရှိကြောင်း နိုဝင်ဘာနှင့် ဒီဇင်ဘာ လအတွင်းက ကယန်းဒေသအချို့ သို့ ကွင်းဆင်းလေ့လာပညာပေးသည့် အခါတွင်လည်း ယင်းသို့ဖြစ်ရပ်များ ကို တရားဥပဒေအရ ဖြေရှင်း လို သည့်အမျိုးသမီးတချို့နှင့် တွေ့ဆုံ ခွင့်ရရှိကာ ၎င်းတို့အားကူညီပေး ရန် အကူအညီတောင်းခံခဲ့ကြ ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် လည်း ပညာပေးခြင်း၊ ဥပဒေပညာ ရှင်များနှင့် တိုင်ပင်ကူညီပေးခြင်းများ လုပ်ဆောင်သွားမည်ဟု ပြောခဲ့ ကြောင်း သို့ရာ တွင် တိုင်းရင်းသားအများစု မှာ ဓလေ့ကို လက်ခံနေဆဲဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်ရပ်များဖြစ်ပွားသည့် ကျေးရွာများသည် မြို့နှင့်မဝေး သည့် ကျေးရွာအချို့တွင် ဖြစ်ပွား နေခြင်းဖြစ်ပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းထိစပ်နေ သည့် ဆီးဘူးကျေးရွာတွင်လည်း ဒီဇင်ဘာလတွင်းက အသက် ၂၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မကျင့် ခံရကာ ရွာတွင် ရဲစခန်းရှိသော် လည်း အလားတူကျေးရွာဓလေ့အ တိုင်းကျေအေးပေးခဲ့ရကာ ယင်းသို့ ဖြစ်စဉ်များတွင် အသက် ၉နှစ် အောက်မှ ၂၂နှစ်ဝန်းကျင် အမျိုး သမီးများပါရှိနေသည်ဟုလည်း က ယန်း အမျိုးသမီး အဖွဲ့မှ သိရသည်။

ကောင်းမြတ်ကျော် ၊ နန်းသီတာ
Yangon Media Group

No comments:

Post a Comment