ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား၌ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က ခရိုင်/မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ် ရေးအဖွဲ့ဝင်များဖြစ်သော မကဖ(၈) ဦးဝင်းအောင် ဦးစီး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊
လွှဲပြောင်း လက်ခံခဲ့သော မြန်မာနိုင်ငံသားငါးဦးတို့ကို မြန်မာ - ထိုင်း - အမှတ် (၁) ချစ်ကြည်ရေး တံတား၌ အခြေပြုပြီး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ခဲ့ရာ ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ရောက်ခဲ့ပြီး နေထိုင်ခွင့်ကတ်များ မရှိခြင်းနှင့် နယ်စပ်ဖြတ်သန်းခွင့် ခုနစ်ရက် ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခံရ ခြင်းဖြစ်ပြီး ၎င်းတို့မှာ လူကုန်ကူးခံရ ခြင်းမရှိကြောင်း၊ လွှဲပြောင်းအလုပ် သမားငါးဦးကို မြို့နယ်အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် ညနေ ၆ နာရီခွဲက ၎င်းတို့၏ မိဘဆွေမျိုးများထံ ခံဝန်ဖြင့် အပ်နှံပေးခဲ့သည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်ထိ လွှဲပြောင်းပေးအပ်သည့် တရားမဝင် မြန်မာအလုပ်သမားစာရင်းမှာ အမျိုး သား ၅၀၀၉ ဦး၊ အမျိုးသမီး ၁၇၂၆ ဦး စုစုပေါင်း ၆၇၃၅ ဦးရှိကြောင်း သိရသည်။
MOI Webportal Myanmar
No comments:
Post a Comment