နိုင်ငံတော်သမ္မတအမိန့်အရ နိုင်ငံရေးအမှုအပြင်အခြားရာဇဝတ် ဆက်စပ်နိုင်ငံရေးအကျဉ်းသားများ မကြာမီလွတ်မြောက်လာနိုင် ကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ
စိစစ်ရေးကော်မတီ အဖွဲ့ဝင်ဦးရဲအောင်က ပြောသည်။နိုင်ငံရေးပြစ်မှုများမှ ကင်းလွတ်ခွင့်ရပြီးဖြစ်သော်လည်း အခြား ပြစ်မှုများအရ ပြစ်ဒဏ်ဆက်လက်ကျခံရမည်ဖြစ်ကာ ¤င်းတို့လွတ် မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင်
များက ပြောကြား သည်။
''အငြင်းပွားရမယ့် နိုင်ငံရေးအကျဉ်းသားတွေ ကျန်ပါတယ်။ နိုင်ငံရေးပြစ်မှုတွေမရှိတော့ဘဲ တခြားပုဒ်မတွေနဲ့ကျတာပဲ ကျန်တော့ တယ်။ အဲဒီတုန်းက မှန်ကန်တဲ့တရားစီရင်မှုမရဘူး။ အများကြီး နစ်နာခဲ့တာရှိတယ်။ အဲဒါတွေကို လွှတ်ပေးဖို့ ဆွေးနွေးထားတာ ရှိပါ တယ်။ အဲဒီအခါကျရင် မျှတတဲ့ တရားစီရင်မှုမရရှိခဲ့တဲ့ ထောက် လှမ်းရေးတို့၊ အကောက်ခွန် (Custom) တို့လိုလူတွေပါလာနိုင်တယ်'' ဟု ¤င်းကပြောသည်။
နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း ခွင့် အမိန့်အမှတ်(၅၁/၂ဝ၁၃) သည် နိုင်ငံရေးအကျဉ်းသားများ နှင့် သက်ဆိုင်သည့်အမှုများကို စေ လွှတ်ပေးခြင်းဖြစ်သော်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင်များက နိုင်ငံ ရေးအကျဉ်းသားအဖြစ် အတည်ပြု တင်ပြထားသည့် တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော် လွတ်မြောက် ခြင်းမရှိသေးကြောင်း ¤င်း၏ဇနီး က ပြောသည်။
''တချို့တွေက ဟိုဘက်၊ ဒီ ဘက် ပုဒ်မနှစ်ခု ငြိနေတာတွေရှိ တယ်။ အဲဒီအမှုမျိုးတွေအတွက် နိုင်ငံရေးအကျဉ်းသားပြီးရင် နိုင်ငံ သား အကျဉ်းသားတွေပါ ဆက် လွှတ်ဖို့မျှော်လင့်ထားတယ်၊၊ အဲဒါ ဆို ဟိုဘက်၊ ဒီဘက်ငြိတဲ့ပြဿနာ ပါ ဖြေရှင်းပြီးသားဖြစ်သွားမယ်'' ဟု စိစစ်ရေးကော်မတီဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်က ပြောသည်။
အခြားရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် နိုင်ငံရေးအကျဉ်း သားများ၊ အကျဉ်းကျနေသည့် တပ်မတော် ထောက်လှမ်းရေး ဟောင်း အရာရှိဟောင်းများကဲ့သို့ သောသူများကို ၂ဝ၁၃ခုနှစ်အတွင်း
နိုင်ငံရေးအကျဉ်းသားများအဖြစ် လွတ်မြောက်ခွင့်ပေးရန် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ် ရေးကော်မတီဝင်များက
တင်ပြ ထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ အမိန့် အမှတ်(၅၁/၂ဝ၁၃)အရ အင်းစိန်
ထောင်၊တောင်ကြီးထောင်၊ မော် လမြိုင်ထောင်မှ နိုင်ငံရေးအကျဉ်း သား ငါးဦးအပါအဝင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေပါပြစ်မှု များ၊ ပုဒ်မ ၅ဝ၅တို့ဖြင့် အမှု ရင်ဆိုင်နေရသူများနှင့် အမှုတည် ဆောက်ဆဲအဆင့်တွင်ပါဝင်သူများ ယနေ့လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။
ဓာတ်ပုံ-ဟိန်းထက်
The Union Daily
No comments:
Post a Comment